ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ –  ပျားတူတပ်ဖွဲ့ရဲ့ အပတ်စဥ် ၃ အ​ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၁) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအခမ်းအနားမှာ ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) စစ်ဦးစီးချုပ်၊  KPLA တပ်မဟာ ၇၈၂၆ အမှတ် ၂ ဗျူဟာမှူး ၊ ပျားတူတပ်ဖွဲ့ တပ်ဖွဲ့မှူး တို့က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ တရားသောစစ် အောင်ပွဲခံနိုင်ဖို့အတွက် အဘက်ဘက်မှ လိုအပ်သော စိတ်ဓာတ် စည်ကမ်း ကိုယ်တိုင်နိုးကြားမှုနဲ့ တော်လှန်ရေးအပေါ် တပ်ဖွဲ့အပေါ် ပြည်သူလူထုအပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြပါ”လို့ ကလလတ စစ်ဦးစီးချုပ်က သင်တန်းဆင်း ရဲဘော်တွေကို မှာကြားခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားခြင်း၊ MOD နဲ့ ပျားတူတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) စစ်ဦးစီးချုပ်ထံ လက်နက်ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခြေခံစစ်သင်တန်းမှာ ပျားတူတပ်ဖွဲ့အပြင် KPLA အမှတ် ၉၄၂၁ တပ်ရင်း၊ ၉၄၂၂ တပ်ရင်းနဲ့ ၉၄၂၅ တပ်ရင်း တို့ပါ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Karenni People’s Voice)

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်ဖမ်းဆီးမှုတွေ အားကောင်းလာစေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က တောင်းဆိုလိုက်ပါတယ်။
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။