ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇောက ဒီနေ့ ဇန်နဝါရီ ၂၁ရက် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့တာပါ။

စစ်ကောင်စီက ၄င်းတို့ရဲ့ စီးပွါးဖက် အကျိုးတူ ကျားဖြန့်ဂိုဏ်း၊ ရာဇ၀တ်ဂိုဏ်းများကို သုတ်သင် ရှင်းလင်းမှာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်လို့ ဦးကျော်ဇောကဆိုပါတယ်။

ငွေလိမ်ဂိုဏ်းများကြောင့် အကျိုးစီးပွါးနစ်နာဆုံးရှံုးခဲ့ရတဲ့ပြည်သူတွေနဲ့ ထိခိုက်နစ်နာခဲ့ရသူတွေအားလုံးကို NUG က ထိရောက်စွာ အရေးယူနိုင်ဖို့ အိမ်နီးချင်းနိုင်ငံများ ဒေသတွင်းနိုင်ငံများနဲ့ လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက်ထဲမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆၀၀၀ကျော် ထိန်းသိမ်းခံထားရတယ်လို့လည်း Civil Society Network ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ဦးကျော်ဇောကပြောပါတယ်။

ကျားဖြန့်တွေကြောင့် ခရီးသွားလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်တည်ငြိမ်ရေးလုပ်ငန်းတွေအတွက်လည်း များစွာ ထိခိုက်နစ်နာနေရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီ မထိန်းချုပ်နိုင်ခဲ့တဲ့ နယ်စပ်က ငွေလိမ်ဂိုဏ်းတွေ​ကြောင့် မြန်မာနိုင်ငံကပြည်သူတွေအပါအဝင် အိမ်နီးချင်းနိုင်ငံကပြည်သူတွေပါ ထိခိုက်နစ်နာဆုံးရှုံးနေရတယ်လို့လည်းပြောပါတယ်။

ဒေသတွင်း တည်ငြိမ်ရေးနဲ့လုံခြုံရေးကိုပါ  ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမယ်လို့ NUG ကပြီးခဲ့တဲ့ ရက်ပိုင်းက ကနဦး သတင်းထုတ်ပြန်ထားပါသေးတယ်။

ကျားဖြန့်လုပ်ငန်းတွေကြောင့်  တရုတ်နိုင်ငံသား သရုပ်ဆောင် မစ္စတာဝမ်ရှင်း အပါအ၀င် မော်ဒယ်သရုပ်ဆောင်အချို့ ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ခံရပြီး လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေ ရှိလာပြီးတဲ့နောက် အဲ့ဒီ့လုပ်ငန်းတွေကို ရှာဖွေ အရေးယူဖို့ စစ်ကောင်စီကိုဒေသတွင်းနိုင်ငံတွေက ဖိအားပေးပြောဆိုခဲါကြခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွှေကုက္ကိုလ်နဲ့  KK Park တွင် ကျားဖြန့်လုပ်ငန်းများ ကင်းစင်ရေး အပါအဝင် ရင်းနှီးမြှုပ်နှံမယ့် သူများ လိုက်နာရမယ် စည်းကမ်းများနဲ့ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော်(DKBA)၊ တရုတ်လုပ်ငန်းရှင်များတွေ့ဆုံခဲ့ကြပါသေးတယ်။

0 Shares:
You May Also Like
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ဦး ရှိ၊ သန္ဓေစစ်သားများ အလင်းဝင်မှု များလာ

အခုလ နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံကနေ အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းအရ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပအဖ သွားရောက်ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဆားလင်းကြီးမြို့နယ်က စစ်ရှောင်တွေ ထားရှိရာနေရာတွေဆီ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက်က လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။