ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းက ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းမှာရှိတဲ့ လွယ်ပေါနဲ့ နမ့်ပေါ်လုံ ကျေးရွာတို့ကို ဖယ်ခုံအခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးတွေ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ PK Police က ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ဖယ်ခုံမြို့နယ်အတွင်း ပြည်သူတွေ တောင်ယာလုပ်နေတဲ့ နေရာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် အမြောက်တပ်ဟာ ပြည်သူတွေ နေထိုင်ရာ နေရာတွေကို ဦးတည်ပြီး လက်နက်ကြီးတွေ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သတိရှိစွာ သွားလာနေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေ ပြုလုပ်ထားဖို့ PK Police က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသာသာခွင့်အမိန့်အရ ပုလဲ ပအဖ က အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။
Read More

သာပေါင်းမှာ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲစည်းရုံးရေး လုပ်ခိုင်းနေ၊ တရုတ်နဲ့ ရုရှား အကူအညီတွေ လာတော့မယ်၊ မကြောက်နဲ့ လို့လည်း စည်းရုံးပြောဆိုသွား

ဧရာဝတီတိုင်း သာပေါင်းမြို့ပေါ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ပေးဖို့ အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ကထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကိုနိုတြီပြန်ရာမှာ ပါဝင်ပတ်သက်သူ ၇ ဦး ဖမ်းဆီးခံရ

NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ခဲ့တဲ့ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။