မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ဇန်နဝါရီ ၁၈ ရက်က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။

ကပစ အမှတ် ၂၁ စက်ရုံဟာ စစ်ကောင်စီ နိုင်ငံအနှံ့ဗုံးကြဲနိုင်ဖို့ တိုက်လေယာဉ်သုံး ဗုံးသီး ပေါင် ၂၅၀၊ ပေါင် ၅၀၀နဲ့ Cluster ဗုံးသီးတွေ အဓိကထုတ်လုပ်နေတဲ့အတွက် BWM နဲ့ မဟာမိတ်အဖွဲ့ တွေ ပူးပေါင်းပြီး အရေးကြီးတဲ့ စစ်ရေးပစ်မှတ် BWM Mission 31 အဖြစ်သတ်မှတ်ကာ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ကာ ၇ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စက်ရုံအတွင်း ကြီးမားတဲ့ ထိခိုက်မှုရှိခဲ့ပြီး သေဆုံးမှုအခြေအနေကို အသေးစိတ်သိနိုင်ဖို့ စုံစမ်းကာ ဆက်လက်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Eagle Brigade (ANyar Eagle)အဖွဲ့ ၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay) အဖွဲ့နဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ် ၁ စီးကို PLA ပစ်ချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲတဲ့ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးကို ပစ်ခတ် နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းရာ အရာရှိအပါ ၁၀ ယောက်ထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - LLPDF ထံက သိရပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်လာတဲ့ ဗန်းမော်မြို့မှာ ပြည်သူများ မြို့လုံးကျွတ်စစ်ဘေး‌ရှောင် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာတဲ့အတွက် ပြည်သူများ မြို့ လုံးကျွတ်စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မနေ့နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ထံက သိရပါတယ်။
Read More

မြိတ်မြို့က လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တော်လှန်ရေးတပ်တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။