မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ သူတို့ရဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ ပူးပေါင်းကာ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ 

ဒီသတင်းထုတ်ပြန်ချက်ကို မနေ့က ဇန်နဝါရီလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး မွန်ပြည်နယ်အတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေကို ပိုမိုအားကောင်စွာ လုပ်ဆောင်ချင်တာကြောင့် MLA နဲ့ အလုံးစုံပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“အလုံးစုံပူးပေါင်းတယ်ဆိုတာက နိုင်ငံရေးရော စစ်ရေးအပြင် MLA ရဲ့ COC အောက်ကနေပါ တသားတည်း သွားမှာပါ…. ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မွန်ပြည်နယ်ရဲ့ တော်လှန်ရေး အခြေအနေအရ တပ်ဖွဲ့တွေအားလုံး စုပေါင်းထားတဲ့ တပ်တစ်ခုအနေနဲ့  ပိုမိုထိရောက်တဲ့လုပ်ဆောင်မှုတွေကို ဖော်ဆောင်နိုင်ဖို့ပါ” လို့ MSRO တာဝန်ခံ ဒီဃာက မောင်းကို ပြောပါတယ်။ 

MSRO ၏ ထုတ်ပြန်ချက်

MSRO တပ်ဖွဲ့ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်၊ ၁၂ လပိုင်း၊ ၁ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ MLA တပ်ဖွဲ့အဖြစ်နဲ့ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

MLA တပ်ဖွဲ့ဟာ မနေ့က မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) စတဲ့ မွန်ပြည်နယ်အတွင်းက တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး “ရာမညပူးတွဲစစ်ကြောင်း” နဲ့ အဖြစ် စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။ 

ဒီဃာကပဲ ဆက်လက်ပြီး “ရာမညစစ်ကြောင်းမှာ MLA ပါဝင်နေတဲ့အတွက် ကျနော်တို့လည်း ပါဝင်တယ်လို့ ယူဆရမှာပါ” လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဟိန္ဒူဘာသာဝင်တွေအပေါ် လူမျိုးရေးခွဲခြားလှောင်ပြောင်ထားတဲ့ ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဆင်ဆာအဖွဲ့က ဒီပါ၀လီနေ့ နီးကပ်လာစဉ်မှာ ရုံတင်ပြသ၊ ဟိန္ဒူဘာသာဝင်တွေ အပြင်းအထန်ကန့်ကွက်နေ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်ရှင်ဆင်ဆာ အဖွဲ့က ခွင့်ပြုလိုက်တဲ့  ရုံတင်ဇာတ်ကားတစ်ခုဟာ  မြန်မာပြည်က ဟိန္ဒူဘာသာဝင်တွေကို လူမျိုးရေး ခွဲခြားလှောင်ပြောင်တဲ့ သဘောဆောင်နေတာကြောင့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်။
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

ပုလောမြို့ပေါ်က စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း၊ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေကို ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ စစ်သုံး ဖိနပ် တပ်ဆင် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေရဲ့ စစ်၀တ်တန်ဆာအခြေခံဖြစ်တဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် တပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။