MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၀ရက်မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား အပစ်ရပ်ဖို့ သဘောတူညီပြီးတဲ့နောက်  တရုတ်ဘက်က ကာလရှည်ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

တရုတ် – မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ လောက်ကိုင်မြို့ အပါအအ၀င် ချင်းရွှေဟော်၊ ဟိုပန်၊ နမ့်တစ်နဲ့ ရန်လုံကျိုင်းဂိတ်တွေကို ပြန်ဖွင့်လိုက်တာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်တပ်နဲ့ ကိုးကန့်တပ် MNDAA တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်စလို့ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာ အပစ်ရပ်သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

အပစ်ရပ်သဘောတူညီချက်ပါ အချက်အလက်တွေကို တရုတ်က အသေးစိတ်ထုတ်ပြန် ပြောဆိုလာတာမရှိသလို အကြမ်းဖက်စစ်တပ်နဲ့ MNDAA က တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ကနဦးအနေနဲ့ တရုတ်နိုင်ငံဘက်က တစ်ဖက်သတ် ပိတ်သိမ်းထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီး တရုတ်ရဲ့ ထုတ်ပြန်ချက်အရ စစ်ရေးပစ္စည်းတွေမှအပ တခြားကုန်စည်ပစ္စည်းတွေကို ပြန်လည်သယ်ယူပို့ဆောင်ခွင့်ပြုမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့ပေါ် ရွေးကောက်ပွဲအတွက် အင်အားဖြည့်ရန်လာသည့် စစ်ကော်မရှင်တပ်နှင့် PDF တိုက်ပွဲဖြစ်ပြီး စစ်တပ်မှ ၂၀ ခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က ရွေးကောက်ပွဲအတွက် အင်အား ဖြည့်ဖို့လာသည့် အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၂၀ သေဆုံး သွားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ဂွမြို့နယ် ကြွေချိုင်မှာရှိတဲ့ စစ်တပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ် ဂွမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကြွေချိုင်တပ်စခန်းကို အရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတချို့ကို AA က ကယ်ထုတ်နေကြောင်း သိရပါတယ်။
Read More

သေဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအချို့ အရှင်ဖမ်းမိ…

ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နတ်တလင်းနယ်ကို အကြမ်းဖက်စစ်တပ်  စစ်ကြောင်းထိုးလာချိန် ကြားဖြတ် တိုက်ခိုက်ခံရပြီး   ၃ ဦး သေဆုံး

ပဲခူးတိုင်း ၊ နတ်တလင်းနယ်ကို စစ်ကော်မရှင်တပ်စစ်ကြောင်း ထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့လို့ သေဆုံးခဲ့ တာတွေရှိတယ်လို့ Bamar Revolution Army-B.R.A တပ်ဖွဲ့ ဆီက သိရပါတယ်။
Read More

ရေတာရှည် တိုက်ပွဲမှာ နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDF အမှတ် (၉၀၁)တပ်ရင်းဆီက သိရပါတယ်။