စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းဆီကို အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခမရ ၁၂ က တပ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၇ ရက်မှာ ခမရ ၁၂ က တပ်သားဖြစ်သူဟာ MA 1 တစ်လက်၊ ခဲယမ်းတချို့နဲ့အတူ မုံရွာခရိုင်အမှတ် (၂၅) တပ်ရင်းဆီ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ချောင်းဦးမြို့နယ် ပကဖတာဝန်ခံ က သွားရောက်ခေါ်ယူပေးခဲ့တာဖြစ်တယ်လို့ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာပြင်းထန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်နဲ့ စစ်တပ်အထိုင်ဂိတ်တွေကို တော်လှန်ရေးတပ်များ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့က စစ်တပ်ရဲ့ ခလရ (၅၀) တပ်ရင်းအပါအဝင် အထိုင်ချထားတဲ့ ဂိတ်တွေနဲ့ ရုံးစိုက်ရာနေရာတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ မနက် ၆နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်တပ်နေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံး (၆) လုံးနဲ့ ပစ်ခတ်ခဲ့ပြီး (၆) လုံးစလုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီဇင်ဘာ တတိယပတ်အတွင်း အလင်းဝင်သူနှင့် စစ်သုံ့ပန်း စစ်သားစုစုပေါင်း အယောက် ၂၀ ရှိခဲ့

ဒီဇင်ဘာလ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း အယောက် ၂၀ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။