စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ ပန်းရံပျူစခန်းက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းက ပန်းရံပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ညိုကြီးသေဆုံးခဲ့ပါတယ်။ အထိနာသွားတဲ့ ပန်းရံပျူစခန်းကို သီးလုံးပျူစခန်းကနေ ကား ၂ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ လာရောက်စစ်ကူပေးတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁၀ မိနစ်ကြာဖြစ်ပွါးခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီတပ်သားတွေ သီးလုံးပျူစခန်းအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ညအချိန်မှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေက သီးလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ M.sai Naw (Drone) မင်းသားချောလေး အဖွဲ့၊ snake eyes ပျံလွှား (Drone)ဖွဲ့၊ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း၊ shwebo Federal Army ၊ BO BA TAW(LDF) ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်း (ဒပယ)၊ HG FIGHTER ၊ YAUNG NI ၊ ဇင်ယော်အဖွဲ့၊ ဒေါင်းစစ်သည် – ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်သူလွတ်မြောက်ရေးအင်အားစု(FIF) ၊ Eye For Eye ၊ firly dragon Forceနဲ့ စွန်ရဲရွှေဘို ဒေသခံ (LDF) ရွှေဘိုသား ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စက်လှေ ၂ စီးနှင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရကာ လှေ ၁ စီး နစ်မြုပ်ပြီး အများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်အတွင်း ရေလမ်းကနေ စက်လှေ ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး လှေ ၁ စီးနစ်မြုပ်သွားကာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်တွေ စခန်းတိုက်ပွဲဆင်နွဲနေတဲ့ ဝေါလေဗျူဟာကုန်းမှာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းစခန်းမှာ မနေ့ဇူလိုင် ၁၁ ရက်က ကြီး မားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်များထံက သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မနေ့ညပိုင်းက ရထားလိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၃၂ နဲ့ ၅၂ လမ်းထောင့်မှာ ဧပြီ ၁ ရက် မနေ့ညပိုင်းက ရထား လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ရိက္ခာထွက်ရှာသည့် အကြမ်းဖက်စစ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ် ခလရ (၂၇၄) က လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ရုပ်/သံ)

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံကို ချင်းစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။