စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ထက် တိုင်းပြည်တည်ငြိမ်ရေးသာ ဦးစားပေးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲ ဟာ လက်ရှိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လက်တွေ့အရ ကင်းကွားနေတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့  ရွေးကောက်ပွဲ အစီအစဉ်ဟာ လက်တွေ့နဲ့ ကင်းကွာနေတဲ့အတွက် တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်တာပါ။

ရွေးကောက်ပွဲပြုလုပ်ပါကလည်း စစ်ကောင်စီအနေနဲ့ တစ်ဖက်သက်မဖြစ်သင့်ဘဲ ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံးပါဝင်မှသာ မျှတမယ်လို့ အာဆီယံကဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးမှာ တွေ့ရတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ

စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့က နိုင်ငံအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်လို့ အာဆီယံနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

ရာနှုန်းပြည့်သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကိုလာမယ့် ၂၀၂၅ ခုနှစ် နှစ်လယ်လောက်မှာ စစ်ကောင်စီက ကျင်းပဖို့ရည်ရွယ်ထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဘူးလို့ပြောကြားထားပေမယ့် တရုတ်နဲ့ ရုရှားက ကူညီမယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။

နိုင်ငံတစ်ဝန်းမှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတဲ့ မဲဆန္ဒနယ် ၁၀၀ ကျော်လောက်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

0 Shares:
You May Also Like
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ် ဝင်ရောက်နေသည့် စစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး မြိုင်ပကဖထံ သေနတ် ၃ လက်နှင့် အလင်းဝင်

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းထံက စစ်ကော်မရှင်တပ်သား ၃ ယောက် သေနတ် ၃ လက်နဲ့ ကျည်ဆံတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဂုတ်ထိပ်တံတား ပြိုကျခြင်းဟာ အကြမ်းဖက်စစ်တပ်၏ ဒရုန်းကြောင့်သာဖြစ်သည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။