မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစခန်းကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများပြီး အထိနာခဲ့တဲ့အတွက် ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ ကျောင်းကုန်းကျေးရွာနဲ့ သံပုရာခြံကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၃ ရက်က ကန်နီပျူစခန်းကို ရိက္ခာလာပို့စဉ် တော်လှန်ရေး ပူးပေါင်းတပ်တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြားသေခဲ့တယ်လို့ သိရပါ တယ်။

အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောင်းကုန်းကျေးရွာနဲ့ သံပုရာခြံကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် အညာမြေတပ်ပေါင်းစု ရဲဘော်တွေက ကျေးရွာအတွင်း မီးလိုက်လံငြှိမ်းသတ်ပေးခဲ့ရပြီး အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အိန္ဒိယနိုင်ငံ ကျေးရွာတစ်ရွာမှာ ရုတ်တရက် တောင်ကျရေလွှမ်းပြီး လူ ၄ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေ (ရုပ်/သံ)

အိန္ဒိယနိုင်ငံ Uttarkashi မြို့ရဲ့ Dharali ကျေးရွာမှာ သြဂုတ် ၅ ရက်က တောင်ကျရေ ရုတ်တရက် စီးဆင်းလာပြီး ရေလွှမ်းသွားခဲ့ရာ လူ ၄ ယောက်သေဆုံးကာ အများအပြားပျောက်ဆုံးလျက်ရှိတယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ရန်ကုန်တိုင်း မှော်ဘီလေတပ်စခန်းကို Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်စခန်းကို အောက်တိုဘာ ၉ ရက် ညပိုင်းအချိန်က Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) ထံက သိရပါတယ်။
Read More

ရဲဘော် ဘသော်၏ ဈာပန (ရုပ်/သံ)

အာဠာဝကစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖြူး-အုတ်ဖြတ်လမ်းမကို ထိန်းချုပ်ထားစဉ် အကြမ်းဖက်စစ်ကောင်စီရဲ့  လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၃၁ နှစ်အရွယ် တော်လှန်ရေး ရဲ‌ဘော်ဘသော် ကျဆုံးခဲ့ရပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီ၏ သတိပေးပြောကြားချက် (ရုပ်/သံ)

''ခင်ဗျားတို့ စစ်ကောင်စီတပ်ကို လုံးဝ ပျက်သုန်းသွားတဲ့အထိ ကျနော်တို့ ​ချေမှုန်းမယ်။ သုတ်သင်မယ်။ ပြီးတော့ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို တစ်ယောက်ချင်းစီ စစ်ခုံရုံးကို ဂုတ်စွဲပြီး ခေါ်တဲ့အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုးစားသွားမယ်လို့ အသိပေးသတိပေးချင်တယ်"