မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို ဒရုန်းနဲ့ မီးလောင်ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (Anyar Eagles) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက် မနေ့က မနက်ပိုင်းမှာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရှိ လင်းကတောနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ မီးလောင် ဗုံးအပါအဝင် ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အရေအတွက်အတိအကျကို စုံစမ်းအတည်ပြုနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့တိုက်ခိုက်မှုကို Eagle Brigade (ANyar Eagles) ၊ Eagle Fighters (Myaing) ၊ MPL ၊ နဂါးနီ အဂ္ဂ ၊ ရေစကြို (Phoenix) နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၀ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း KRC  ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ အရပ်သားများကို ၃ လောင်း သယ်ခိုင်းကာ ၂ လောင်း လယ်ကွင်းထဲ ကျန်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ် ရောက်ရှိနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ထံက သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်က ရဲဘော် ဘိုကလေး အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ…

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်က ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ရဲဘော် ဘိုကလေးအတွက် မိခင်တပ်ဖွဲ့က ဝမ်းနည်းကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ်ထဲက အကြမ်းဖက်စစ်သား ၃ယောက် ဒေသခံဆိုင်ကယ်တွေကို လုယူပြီး လက်နက်နဲ့အတူ ဧရာဝတီတိုင်းဘက် ထွက်ပြေး

အရက္ခတပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ ယောက်ဟာ ချိုင်ကောက်ရွာက ဆိုင်ကယ်၂ စီးကိုယူပြီး ဧရာဝတီတိုင်းဘက် ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။