မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ – တောင်သာမြို့နယ်ဆီက သိရပါတယ်။

တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို မိတ္ထီလာက တက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့ ဇန်နဝါရီလ ၁၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ နေအိမ်တွေအပေါ် ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာပါ။

အဆိုပါ တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး ဗုံးသီးပေါက်ကွဲသံတွေကြောင့် ကျန်းမာရေး မကောင်းတဲ့ အမျိုးသား ၁ ယောက် နှလုံးရပ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုံးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်း

ဇန်နဝါရီလ ၁၉ ရက် မနေ့ကလည်း စစ်ကောင်စီအခြေစိုက်ရာ နေရာတစ်ခုဖြစ်တဲ့ မိတ္ထီလာက တက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ ဝါးကြီးအိုင်ရွာကို ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတွေ မွေးမြူထားတဲ့ ဆိတ် ၁ ကောင်နဲ့ နွား ၁ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကာ ဇန်နဝါရီ ၁၃ ရက်မှာ ခြုံကြီးရွာ၊ ဇန်နဝါရီ ၁၄ ရက်မှာ ရုံးစဥ်လေး နဲ့ ဇန်နဝါရီ ၁၅ ရက်မှာသံဘိုရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးအပိုင်းအစအချို့
0 Shares:
You May Also Like
Read More

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရသည့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အူအတက်ပေါက် ဝေဒနာနှင့် ကျဆုံးခဲ့

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကူညီပံ့ပိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နပခ (အမ်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ်၂ ဦးကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်

အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ၊ နေ့လယ် ၁ နာရီ အချိန်မှာ အင်အား ၁၅၀ခန့်နဲ့ ရေးမြို့နယ်၊ ပဒေါင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်တွေဘက်မှ ၃ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။