ပဲခူးတိုင်း၊ နတ်တလင်းမြို့က ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ ၁၀ ယောက်ကျော်ကို သတ်ဖြတ်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကတည်းက ဆီဆုံကုန်းရွာကို ဝင်ရောက်လာပြီး ၁၆ ရက်နေ့မှာတော့ ပြည်သူတွေကို စတင်သတ်ဖြတ်ခဲ့ကာ လက်ရှိအချိန်ထိ အဲဒီရွာမှာပဲ တပ်စွဲနေတယ်လို့ သိရပါတယ်။ 

“တကယ်တော့ ၁၄ ရက်နေ့ကတည်းက ဒရုန်းတွေနဲ့ လာပစ်တာ… အဲ့မှာ အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၂ဦး ထိခိုက်သွားတယ်၊ ၁၅ ရက်နေ့မှာ လက်နက်ကြီးတွေ ပစ်ပြီးတော့ ရွာထဲဝင်လာတယ်၊ ရွာပတ်လည်မှာ မိုင်းတွေဆင်ပြီး PDF တွေကို စိန်ခေါ်တာ… ၁၆ ရက်နေ့မှာမှ တချို့အိမ်စောင့်ကျန်ခဲ့တာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသားတွေကို စပြီးသတ်ဖြတ်ခဲ့တာပါ” လို့ သာယာဝတီမြို့နယ်၊ တော်လှန်ရေးဦးဆောင်အဖွဲ့ ဒုတာဝန်ခံ ကိုလူအေးက မောင်းကို ပြောပါတယ်။ 

ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဆီဆုံကုန်းရွာမှာ အိမ်စောင့်ကျန်ခဲ့သူ အိပ်ရာထဲလဲနေတဲ့ အမျိုးသား ၁ ယောက် အပါအဝင် ဒေသခံ ၁၀ ယောက်ထက်မနည်းကို သတ်ဖြတ်ခဲ့တာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၇ ရက်နေ့က ဘန့်ဘွေးကုန်းရွာနဲ့ လယ်မအင်းရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ပုံ

အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကလည်း “ရွာထဲကို ဘယ်သူမှမဝင်နိုင်တဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်ပါတယ်… အလောင်းတွေ မြင်နေရသလောက်သာ ရေတွက်ထားတာပါ၊ စခတွေက လမ်းမပေါ်မှာ ကြိုးတုတ်ပြီးပစ်သတ်တာ၊ အိပ်ရာထဲ လဲနေတဲ့သူကိုလည်း အိပ်ရာပေါ်မှာ ပစ်သတ်ပါတယ်” လို့ ဆိုပါတယ်။ 

ဆီဆုံကုန်းရွာ အပြင် ဘေးချင်းကပ်ရွာတွေဖြစ်တဲ့ ဘန့်ဘွေးကုန်းရွာနဲ့ လယ်မအင်းရွာတွေမှာလည်း စစ်ကောင်စီတပ်တွေက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“သူတို့ မီးရှို့တာက တစ်ရက်တည်းကို အကုန်လုံး တစ်ခါတည်းရှို့တာမျိုး မဟုတ်ဘူး၊ ဟိုနေရာနည်းနည်းရှို့လိုက် … သူတို့ မူးရူးလိုက်… ထပ်ရှို့လိုက်နဲ့ အဲ့လို မီးတွေ ရှို့နေတာ ဖြစ်ပါတယ်” လို့ ကိုလူအေးက ဆိုပါတယ်။ 

ဆီဆုံကုန်းကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်ရှောင်အရေအတွက်လည်း ၁၀၀၀ ကျော်ရှိကာ စစ်ရှောင်နေရတဲ့ ဆီဆုံကုန်းရွာသားတွေကို ဈေးမရောင်းချဖို့လည်း စစ်ကောင်စီတပ်တွေက အမိန့်ထုတ်ထားတာကြောင့် စစ်ရှောင်တွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အိုးဘိုထောင်တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရထားသည့် အကျဉ်းသားများကို စစ်ကောင်စီ ဆေးကုခွင့် ကန့်သတ်ထား

ငလျင်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ မန္တလေး အိုးဘိုထောင်က အကျဥ်းသား၊သူတွေကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်ထား​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
Read More

မအူပင်မြို့၊ ၁ရပ်ကွက် မြို့အဝင်တံတားပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး မြေတိုင်းစာရေးတစ်ဦးသေဆုံး

မအူပင်မြို့၊ အမှတ် ၁ရပ်ကွက် မြို့အဝင်တံတားပေါ် မှာ ယာဥ်မတော်တဆဖြစ်ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အလွန်အကျွံ အသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။