လေလံဆွဲမယ့်သူမရှိလို့ ပျက်ပြယ်နေခဲ့ရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ခြံအမှတ် (၅၄) ကို လာမယ့်ဖေဖော်ဝါရီလ (၆) ရက်နေ့မှာ ထပ်မံ လေလံတင်ရောင်းချဦးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း နှစ်ကြိမ်တိတိလေလံတင်ခဲ့ရာမှာ လေလံဆွဲမယ့်သူမရှိတဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို တတိယအကြိမ်မြောက် လေလံတင်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လိုက်တာပါ။

ထပ်မံလေလံတင်ဖို့  ဦးအောင်ဆန်းဦးဘက်က တရားရုံးကို ထပ်မံတင်ပြခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မူလ ကနဦး ကြမ်းခင်းဈေး ငွေကျပ် (၃၀၀) ဘီလီယံကနေ (၁၀) ဘီလီယံလျှော့ချပြီး ဘီလီယံ (၂၉၀) သတ်မှတ်ပေးဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က ခြံအမှတ် (၅၄) လို့ နာမည်ကျော်တဲ့ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅)ဘီလီယံနဲ့ တစ်ကြိမ်၊ (၃၀၀) ဘီလီယံနဲ့ တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပေမယ့် လေလံဆွဲ ဝယ်ယူမယ့်သူ မရှိခဲ့တာ ဖြစ်ပါတယ်။

သမိုင်းဝင် ခြံအမှတ်(၅၄)ကို လေလံဆွဲ ဝယ်ယူတဲ့သူဟာ  တော်လှန်ရေးကြီးပြီးဆုံးရင် ပြန်လည်ပေးအပ်ရမှာဖြစ်ပြီး လက်ရှိ ဦးအောင်ဆန်းဦးရဲ့ တင်ပြလာမှုအပေါ် စစ်ကောင်စီဘက်က လေလံတင်မှုဟာ လုံး၀တရားဝင်မှုမရှိဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက သတိပေးပြောဆိုထားကြပါတယ်။

လေလံဆွဲရာမှာ ဦးစီးဆောင်ရွက်နေတဲ့ ကမာရွတ်တရားရုံးကိုလည်း ပြီခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ရန်ကုန် တော်လှန်ရေးအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ပြီး သတိပေးမှုတချို့ ပြုလုပ်ခဲ့ပါသေးတယ်။

ခြံအမှတ် (၅၄) ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုးသမီးဖြစ်သူ  ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေခွဲပေးဖို့ ၂၀၁၆ ခုနှစ်ကစတင်ပြီး တရားရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

တရားရင်ဆိုင်မှုအပြီး ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးဖို့ သတ်မှတ်ပေးခဲ့ပြီး တစ်ထပ်တိုက်နဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦး ရယူဖို့  ခွဲဝေ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးအောင်ဆန်းဦးက အမိန့်ချမှတ်မှုကို လက်မခံဘဲ ခြံတစ်ခုလုံးကို လေလံတင်ရောင်းချပြီး အညီအမျှခွဲဝေယူဖို့ အယူခံဝင် လျှောက်ထားခဲ့လို့ စစ်တပ် အာဏာသိမ်းအပြီး တရားရုံးက ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

ငလျင်ဒဏ်အပြီး လေကြောင်းတိုက်မှုများ ဆက်တိုက်လုပ်နေသည့် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဝန်းသို နမ်းခမ်းရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

စစ်ကားနောက် ဆိုင်ကယ်မောင်းနှင်လာသည့် သားအမိ ၂ ယောက် ဗုံးထိမှန်ကာ သမီးဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ကားနောက်ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိ ၂ ယောက် ဗုံးထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ညောင်ဦးတွင် မဲရုံစောင့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ မဲရုံများ ပြန်လည်ရုတ်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး မဲရုံတွေကိုပါ ပြန်လည်ရုတ်သိမ်းသွားခဲ့ရတယ်လို့ PDA တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံများ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်း ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကောင်စီတပ်တွေ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025“ စာသားပါ ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။