မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ပေကျင်းရဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုနဲ့ အခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ တာစူနေတဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲအချိန် ၂၀၂၅ ခုနှစ်မှာ မလေးရှားက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ပထမဆုံး ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။

မလေးရှားအနေနဲ့ ဒေသတွင်းပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကတိကဝတ်ပြုထားပေမယ့် မြန်မာနိုင်ငံအပေါ် မျှော်မှန်းချက်တွေနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံ-တရုတ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ အရှိန်အဟုန်ကို တိုင်းတာသင့်တယ်လို့ ထိပ်တန်းအရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။

“ချက်ချင်း အဖြေတစ်ခုရလိမ့်မယ်လို့ ပြောဖို့က အရမ်း ရည်မှန်းချက်ကြီးသလို ဖြစ်နေလိမ့်မယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Amran Mohamed Zin က Langkawi ကျွန်းမှာ ကျင်းပမယ့် အစည်းအဝေးမတိုင်ခင် မီဒီယာတွေကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇၊ မလေးရှား၊ လန်ကာဝီမြို့၌ အဖွဲ့ဝင်နိုင်ငံများ၏ အလံများနှင့်အတူ အာဆီယံအလံကို တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ REUTERS/Hasnoor Hussain)

အာဏာသိမ်းပြီးနောက် လအတန်ကြာမှာ ထုတ်ပြန်ခဲ့တဲ့ “ဘုံသဘောတူညီချက် ၅ ရပ်” ငြိမ်းချမ်းရေးအစီအစဉ်ကိုအာဆီယံအနေနဲ့ လက်ရှိအချိန်အထိ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲဖြစ်ပြီး အခုနှစ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဘုံသဘောထားကို ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

“လူတိုင်းက မြန်မာနိုင်ငံကို ကူညီချင်ကြတယ်… စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ပြီး မလေးရှားအနေနဲ့ဥက္ကဋ္ဌတာဝန်ယူချိန်မှာလည်း (စေ့စပ်ညှိနှိုင်းမှုတွေ) ဆက်လုပ်ဆောင်သွားမှာပါ” လို့ Amran က ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မလေးရှားဝန်ကြီး Datuk Seri Mohamad Hasan က ဦးဆောင်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေအပြင် အာဆီယံရဲ့ ဗျူဟာမြောက် ဦးတည်ချက်၊ အာဆီယံအသိုက်အဝန်း ခိုင်မာစေရေး ကြိုးပမ်းမှုတွေနဲ့ အာဆီယံရဲ့ ပြင်ပဆက်ဆံရေးကိစ္စ တို့ကိုလည်း ဆွေးနွေးမှာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံအကျပ်အတည်း၊ ပထဝီနိုင်ငံရေးတင်းမာမှုတွေ၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ တခြားစိန်ခေါ်မှုတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေမှာ လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေအပေါ် အမြင်ချင်းဖလှယ်ကြမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကိုးကား – ASEAN tells Myanmar junta peace, not election, is priority

0 Shares:
You May Also Like
Read More

ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၉ ယောက် ကျည်တောင့် ၃၀၀၀ ခန့်နဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။