မော်လိုက် PDF တပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးရေး စခန်းသိမ်းတိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းကို  မော်လိုက်ခရိုင် အမှတ်-၁ တပ်ရင်း (PaungByin PDF) က ထုတ်ပြန်လိုက်ပါတယ်။

မော်လိုက်ခရိုင်အမှတ်-၁ တပ်ရင်း (PaungByin PDF) အနေနဲ့ အင်တာနက်အခက်ခဲကြောင့် 2023/24 ခုနှစ်အတွင်းက မော်လိုက်ခရိုင်အမှတ် -၁/၃ တပ်ရင်းကနေ ပြည်သူလူထုကို တင်ပြဖို့ အခက်အခဲရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေကို အခုချိန်မှသာ ပြန်လည်မှတ်တမ်းတင် ဖော်ပြလိုက်ရခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

”ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်”

''ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်"
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂ ဦး လွတ်မြောက်လာ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် နန်းမြင့်တောင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ကနေ တောင်သာမြို့နယ် နန်းမြင့်တောင်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို မတ်လ ၂၅ ရက်မှာ တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force ထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်ရောက်နေချိန် ပြည်နယ်ခန်းမကို ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကယားပြည်နယ်နေ့ကို တက်ရောက်ဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော် မြို့သို့ ရောက်ရှိနေချိန် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက လွိုင်ကော်ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လွိုင်ကော်)ကို ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE WARRIORS FOR MYANMAR (BWM) အဖွဲ့ထံက သိရပါတယ်။