မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ (၁၇) ရက် ညပိုင်းမှာ မဲပလီအုပ်စုအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ (အမှတ် ၄၀၄-၄၀၅) ခြေမြန်တပ်ရင်းက လက်နက်ကြီး ၁၂၀ မမ (၁) လုံးကို ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးနယ်၊ အစူးချောင်းကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ အစူးချောင်းကျေးရွာ နတ်စင်၊ ရေကန်နဲ့ ဘုန်း‌တော်ကြီးကျောင်းမုဒ်ဝတို့ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့တဲ့အပြင် လူနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်ကလည်း စစ်ကောင်စီရဲ့ (အမှတ် ၄၀၄-၄၀၅) ခြေမြန်တပ်ရင်းက လက်နက်ကြီး ၁၂၀ မမ (၁) လုံး ပစ်ခတ်ခဲ့ရာ အစူးချောင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က အခုလို လူနေထိုင်ရာကျေးရွာတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ လက်နက်ကြီးတွေ ပတ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်နေရပြီး နေအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် နေရတဲ့ ဒေသခံတွေလည်း ရှိကာ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ (အမှတ် ၄၀၄-၄၀၅) ခြေမြန်တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကက်သလစ်ဘုန်းတော်ကြီး ဖြစ်စဉ်မှာ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုအတွက် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သူ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။
Read More

ပုဂံမြို့သစ်တွင် စစ်အုပ်စုကင်းပုန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) တည်ထောင်ခြင်း ၃၆ နှစ်ပြည့်ကို CRPH က သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH  က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။