ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရေတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ ဘားအံအခြေစိုက်  ရတဖ ၂၂ (ရဲတပ်ရင်း) က ရဲတပ်သား ၁ ယောက် အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၈ ရက်က ဗိုလ်တစ်​ထောင်မြို့နယ်၊ ရေတပ် ပင်မစက်မှုလက်မှုတပ် (NED) က ဗိုလ်ကြီးတစ်ယောက်နဲ့ ဇနီးဖြစ်သူအပါအဝင် ကရင်ပြည်နယ်၊ ဘားအံ ရတဖ ၂၂ က ရဲတပ်သားတစ်ယောက် အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာသူ ၂ ယောက်ဟာ လက်နက်တွေ ယူဆောင်လာခြင်းမရှိပေမယ့် အလင်းဝင်လာတဲ့အတွက်ကိုပဲ ကျားသစ်နက်စစ်ကြောင်းက နွေးထွေးစွာ ကြိုဆိုလက်ခံထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်…

"ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။" လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ် ပကဖရဲ့ မွမ်းမံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်း

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ လောင်းလုံး ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင် 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်ထားမှုမှ ဖယ်ရှားနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု NLD ပါတီ ထုတ်ပြန်

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရီတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီက ထုတ်ပြန်ထားပါတယ်။