ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အမျိုးသား ၁ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်၊ ညသန်းခေါင်ဝန်းကျင်အချိန်မှာ ပေါက်ခေါင်းမြို့နယ်၊ တောင်ဇင်းဝအနီး ဝေဠုဝန်ရွာက အသက် ၄၀ကျော် အရွယ် အမျိုးသားကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဖမ်းဆီးခံရတဲ့ အမျိုးသားကို စစ်ကောင်စီတပ်တွေက ပြည်မြို့နယ်၊ ခလရ ၁၄ စုဆောင်းရေးတပ်ကို ပို့ဆောင်လိုက်ပြီးနောက် ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ ရိုက်နှက်ခံရတာကြောင့် သေဆုံးသွားကာ မိသားစုတွေကို အလောင်းလာထုတ်ယူဖို့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ 

“အုတ်ကွင်းအလုပ်သမားတွေနေတဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးတာပါ… သုံးဦးမှာ တစ်ဦးက လက်ထိပ်တန်းလန်းနဲ့ ထွက်ပြေးတာ လွတ်မြောက်သွားပါတယ်…. အုတ်ကွင်းမှာ အလုပ်လုပ်တဲ့ အခြေခံလက်လုပ်လက်စား အလုပ်သမားတွေပါ… သေဆုံးသူ မိသားစုမှာ ကလေးနှစ်ယောက်လည်း ကျန်ခဲ့တယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးစဉ်က အမျိုးသား ၃ယောက်ကို လာဖမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ တစ်ယောက်က မျက်လုံးတစ်ဖက်သာရှိတာကြောင့် ပြန်လွှတ်ပေးခဲ့ရပြီး နောက်တစ်ယောက်ကလည်း လက်ထိပ်တန်းလန်းနဲ့ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် နောက်ဆုံးကျန်ရှိနေသူ (ယခု သေဆုံးသွားသူ) ကိုသာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အထက်ပါ ဒေသခံက ဆက်လက်ပြီး “ ခုရက်ပိုင်း အခြေအနေ တော်တော်ဆိုးဆိုးဝါးဝါးကို ဖမ်းဆီးနေပါတယ်… ပွဲရုံတွေ ဆန်စက်တွေ အလုပ်သမားအများဆုံးရှိတဲ့ နေရာတွေကို နေ့ဘက်တွေတောင် ဖမ်းဆီးတာတွေ ရှိနေပါတယ်” လို့ ဆိုပါတယ်။ 

စစ်ကောင်စီဟာ အသက် ၁၈နှစ်ကနေ ၃၅ နှစ်အတွင်းသာ စစ်မှုထမ်းရမယ်လို့ဆိုထားပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာတော့ သတ်မှတ်ချက်ထက် အသက်အရွယ်ကျော်လွန်နေသူတွေကိုပါ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို လုပ်ဆောင်နေပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်ကုတ်မှာ တာဝန်ကျတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီးနဲ့ တပ်သား လက်နက်ခဲယမ်းတွေယူပြီး PDF ဆီ ထွက်ပြေးခိုလှုံံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​
Read More

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ် (၁၇) အတွက် အင်အားစုဆောင်းမှုများ ခပ်စိပ်စိပ်ရှိလာ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) အပြီး အပတ်စဥ် (၁၇) အတွက် လူအင်အားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာနေကြောင်း ဒေသခံစောင့်ကြည့်လေ့လာရေး အဖွဲ့တွေဆီကတဆင့် သိရပါတယ်။
Read More

ဂုတ်ကြီးစခန်းကို AA ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်းလမ်းပေါ်က အရေးပါတဲ့ ဂုတ်ကြီးကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မန္တလေးတိုင်းထဲက တံတားဦးနဲ့ ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။ အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး…
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။