နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရေးအပိုင်းမှာ အဓိက ပါဝင်နေတဲ့ မြန်မာ့ရေနံဓါတုလုပ်ငန်း (MPE)နဲ့ ဆက်ဆံရေး အားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့  Blood Money  အဖွဲ့က တောင်းဆိုလိုက်ပါတယ်။  

နိုင်ငံခြား ကုမ္ပဏီတွေဟာ  မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ တင်ပို့၊ ရောင်းချ (သို့) သယ်ယူပို့ဆောင်ခြင်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုပ်ကိုင်နေမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းရမယ်လို့ တိုက်တွန်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးကို လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ အမြန်ဆုံးရပ်ဆိုင်းသွားဖို့ လေယာဉ်ဆီလက်ဝယ်မရောက်ရှိရေးက အရေးပါတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ  အဖွဲ့ဝင်

နိုင်ငံတွေကိုမြန်မာနိုင်ငံအပေါ် လေယာဉ်ဆီ တင်ပို့၊ ရောင်းချ (သို့) လွှဲပြောင်းမှုတွေကို ဆက်ပြီး မပြုလုပ်ဖို့  ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့်  ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံ အဖွဲ့၀င်နိုင်ငံတွေအပြင် တရုတ်၊ အိန္ဒိယနိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စု လေယာဉ်ဆီ ရရှိဖို့  ထောက်ပံ့ပေးနေမှုတွေကို ရပ်တန့်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိ ပိတ်ဆို့မှုတွေကြားကနေ စစ်အုပ်စုထံ လေယာဉ်ဆီ ဆက်လက်ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေ၊ အစိုးရတွေနဲ့ အဖွဲ့အစည်း အားလုံးကို ခြေရာခံပြီး အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေးစနစ်တွေနဲ့ ယန္တရားတွေကိုလည်း အရေးတကြီး ဖော်ဆောင်ဖို့ Blood Money က တိုက်တွန်းတောင်းဆိုထားပါတယ်။ 

တဆက်တည်းမှာပဲ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၊ အစိုးရနဲ့  အဖွဲ့အစည်း အားလုံးကို ကြပ်မတ်စွာ အရေးယူ ပိတ်ဆို့ရမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့နောက်ဆုံးထုတ်ပြန်ချက် အစီရင်ခံစာအရ ကြားခံ ပွဲစားတွေ အကူအညီနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး လေယာဉ်ဆီ သင်္ဘော (၇) စီးနဲအတူ စစ်အုပ်စုထံ လေယာဉ်ဆီတွေ (၇) ကြိမ်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့ကြောင့်  ကုလသမဂ္ဂအဖွဲ့၀င် နိုင်ငံတွေအနေနဲ့ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေကို မြန်မြန်ဆန်ဆန် ပြုလုပ်ဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေကြားက မြန်မာနိုင်ငံကို လေယာဉ်ဆီ ဆက်လက် ထောက်ပံ့နေတဲ့ နိုင်ငံတကာ အစိုးရ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်း အားလုံးကို ခြေရာခံပြီး စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆို တိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းမှာ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုအတွက် ထိုင်း ရဲ ၄ ဦးနဲ့ မြန်မာ ၁ ဦးအပါ ၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ခုနစ်ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်း PBS က ဇန်နဝါရီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် တိုက်ခိုက်မှုအပေါ် တုန်လှုပ်ခြောက်ခြားမိကြောင်း WHO အကြီးအကဲ ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်းများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်ခံယူမှုအပေါ် ကြီးကြီးမားမား နှောင့်ယှက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ် (Tedros) က ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းရဲ ဖမ်းဆီးမှုကို ထွက်‌ပြေးရင်း ယဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။