တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပလမြို့ရဲစခန်းကုန်းကို ဇန်နဝါရီ ၁၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့  ပုလောပကဖဒရုန်းတပ်ဖွဲ့ (Shadow Squad) က ထုတ်ပြန်ထားပါတယ်။

Shadow Squad နဲ့ မြိတ်ခရိုင်၊ PDF တပ်ရင်း(၁)တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီတိုက်ခိုက်မှုမှာ ရဲစခန်းပတ်လည်ရှိ မိုင်းကွင်းအတွင်း ဗုံးသီးတွေကျရောက်ပေါက်ကွဲပြီး စခန်း မိုင်းကွင်းဧရိယာ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပုလောပကဖအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်း ပြီး တိုက်ခိုက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် PDF ရဲဘော် ၃ ဦး၏ နာရေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ PDF ရဲဘော် ၃ ယောက်ရဲ့ နာရေးစျာပန ပြုလုပ်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။
Read More

PDF Kalay – Mine Team က ထုတ်လုပ်ထားတဲ့ ကျည်ကာပြားကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသ (ရုပ်/သံ)

PDF Kalay - Mine Team က ထုတ်လုပ်ထားတဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသခဲ့ပါတယ်။
Read More

အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဇာနည် (၁၂) ဦး (ရုပ်/သံ)

ယနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်သွားခဲ့တဲ့ အာဇာနည် ၁၂ ဦးရဲ့အကြောင်းကို ဖော်ပြလိုက်ရပါတယ်။
Read More

သင်္ကြန်အကျနေ့ သနပ်ပင်ဇင်းရွာကို ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပစ်ခတ်မှု လေထီး မောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် သနပ်ပင်ဇင်းရွာကို ဧပြီ ၁၄ ရက် နံနက်ပိုင်းက ဗုံးလာကြဲတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပကဖစုဖွဲ့မှုတပ် (ပေါက်၊ မြိုင်၊ ကမ္မ) လက်နက် ကြီးတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေထီးမောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မုံရွာမှ အရာတော်သို့ ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမှအရာတော်သို့ ရိက္ခာပို့လာတဲ့စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။