စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှာ စစ်မှုထမ်းဆောင်နေတဲ့ လူငယ်‌ ၄ယောက်ဟာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Union Liberation Front – ULF V 02 က ထုတ်ပြန်လာပါတယ်။

မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်အစောပိုင်းအချိန်မှာ အဆိုပါ လူငယ် ၄ယောက်ဟာ နမခ ကနေ အရပ်ဝတ်တွေနဲ့ ထွက်ပြေးလာပြီးနောက် Union Liberation Front စစ်ကြောင်းရဲ့ ပတ်ကင်းတွေနဲ့ လမ်းမှာ တွေ့ပြီး Union Liberation Front(ULF စစ်ကြောင်း-ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်) နဲ့ မဟာမိတ်အဖွဲ့တွေ ဖြစ်ကြတဲ့ ဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်၊ ကျောက်လုံးကြီး၊ ကျောင်းသားလက်ရုံးတပ်၊ B21၊Mobile Team၊ Butalin Guerrilla Force၊ မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၁) ရွာဇော်ကြီးတပ်ခွဲ၊ ကနီပကဖ၊ ဗျုဟာ (၄၇)၊ ရတနာပုံအဖွဲ့၊ Chindwin Brother၊ ယင်းမာပင်မြို့နယ် တပ်ရင်း(၁)၊ Bandula Defence Force(ဘုတလင်မြို့နယ်)အဖွဲ့တို့ထံ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်မှုထမ်း အပတ်စဥ် ၅ မှာ ပါဝင်ခဲ့တဲ့လူတွေဗျ…သူတို့ကပြေးလာတာ… ကြိုတင်ချိတ်ထားတာမျိုးလည်း မဟုတ်ပါဘူး…ပြည်သူတွေလို ထွက်ပြေးလာတာ… လက်နက်တွေက သူတို့ ဖွက်လာခဲ့တယ်” လို့ Union Liberation Front ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဂျော်ဒန်က မောင်းကို ပြောပါတယ်။

ထွက်ပြေးလာသူ ၄ယောက်ဟာ ကျော်မျိုးထွန်း ၊ ကျော်ကျော်ဖြိုး ၊ ရဲရင့်ပိုင်နဲ့ အေးမင်းထွန်း တို့ဖြစ်ကြပြီး ရန်ကုန်မြို့နဲ့ ဟင်္သာတမြို့တို့ကနေ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း ခံရသူတွေဖြစ်သလို တပ်မ(၇၇) လက်အောက်ခံ အမှတ် (၁၀၅)တပ်ရင်းက စစ်မှုထမ်းအပတ်စဉ် (၅) သင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့ သွားရင်း လမ်းမှာ ဖမ်းခံရတာပါ… ရန်ကုန်ဘက်ကနေ မုံရွာ န.မ.ခ ကို ရောက်လာတာဖြစ်ပါတယ်… တပ်ထဲမှာ မနေချင်တာနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ ဖြစ်တယ်” လို့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်က ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား လေးယောက်အတွက် Union Liberation Front (ULF စစ်ကြောင်း – ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်) က တစ်ယောက်ကို ငွေသား ကျပ်သိန်း ၃၀ စီ ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ ကျွေးမွေးကာ လွတ်လပ်စွာ နေထိုင်ခွင့်ပေးထားတဲ့အပြင် နောက်ပိုင်းမှာ မိသားစု၊ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့လည်း လုပ်ဆောင်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

“အဖွဲ့အစည်းကို ဘယ်လိုအကြောင်းကြားရမှန်း မသိတော့ လက်နက်တွေ ဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်… ပြီးမှ ရဲဘော်တွေနဲ့ တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်… ဘာပဲဖြစ်ဖြစ် အလင်းဝင်လာသူတွေကို ကျွန်ုပ်တို့ ULF စစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုပါတယ်။” လို့ Union Liberation Front က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နမခ မှ အလင်းဝင်လာသူ ၄ ဦးနှင့် ရှေ့ရက်အစောပိုင်းတွင် အလင်းဝင်ခဲ့သူ ၁ ဦး (ဓာတ်ပုံ Union Liberation Front – ULF V 02) 

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် ဆေးတပ်သားတွေရဲ့ အခြေခံ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ဖွင့်လှစ်သင်ကြားပေးတဲ့ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ် ပကဖ က စစ်ဘေးရှောင် ပြည်သူတွေကို ဆေးဝါးကုသမှုပေးနေ

မန္တလေးတိုင်း‌၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ် ပကဖ က ဆေးဝါးကုသရာမှာ ခက်ခဲနေတဲ့ ကျေးရွာတွေကို ကွင်းဆင်းကာ လိုက်လံကုသပေးနေတယ်လို့ သိရပါတယ်။
Read More

ရက် ၂၀ကြာ စစ်ကြောင်းထိုးသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၅ ဦး သေပြီး အများပြားဒဏ်ရာရ

မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က  ၁၅ယောက် သေဆုံးခဲ့တယ်လို့ Yennanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်လက်အောက်ကနေ ရုန်းမထွက်နိုင်လို့ အသုံးတော်ခံဘဝ ရောက်ကြရတဲ့ အနုပညာရှင်များ

စစ်ကော်မရှင်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အတုအယောင် ‌ရွေးကောက်ပွဲကို လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ပြည်တွင်းမှာရှိတဲ့ နာမည်ကြီး အနုပညာရှင်အားလုံး အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။
Read More

နတ်တလင်းမြို့နယ်တွင် စစ်တပ် စက်တပ်လေထီး ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၄ရက် မနေ့ နေ့လယ် ၃နာရီကျော်လောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စက်တပ်လေထီး ၃စီးဟာ ငုတ်တိုရွာနဲ့ ကံစုရွာတွေထဲကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကံစုရွာက ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။