ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ်(၁)လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဇန်နဝါရီ(၁၇)ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက ၁၂၀မမ(၁)လုံးကို ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုအချို့ (ဓာတ်ပုံ KNU)

ဇန်နဝါရီ (၁၆)ရက် ညပိုင်းအချိန်မှာလည်း ခမရ-၃၀၇ စခန်းကပဲ ၁၂၀ မမ(၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ခိုလိုကျေးရွာနဲ့ ဇီးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဇီးကုန်းကျေးရွာက နေအိမ်(၁)လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ KNU ဆိုပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း ဇန်နဝါရီ (၁၆)ရက် နေ့လည်ပိုင်းက ပိန်းဇလုပ်ခြေစိုက် စစ်ကောင်စီ ခမရ-၂၀ ကနေ ဒရုန်းနဲ့ ဗုံးသီး (၂) လုံး ကြဲချတိုက်ခိုက်ရာ အောပလားကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

ဇန်နဝါရီ (၁၅)ရက် နေ့လည်ပိုင်းမှာတော့ တော်ဝိအခြေစိုက် စစ်ကောင်စီ ခလရ-၂၆၄ ကနေ ၈၁ မမနဲ့ ၁၂၀ မမ (၁၃) လုံးပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာနဲ့ ကွင်းကုန်းကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုအချို့ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။