မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ ဝာာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၁ယောက် စစ်တပ်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးပြီး အလင်းဝင်ရောက်လာကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။ 

မန္တလေးမြို့ကနေ စစ်မှုထမ်းအပတ်စဥ် (၆) အတွက် ဖမ်းဆီးခံခဲ့ရပြီး ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ တာဝန်ကျ​​နေတဲ့ ကိုကျော်စွာထက်ဟာ  သူတာဝန်ကျချိန်မှာ ထွက်ပြေးလာခဲ့တာလို့သိရပါတယ်။

“ချိတ်ဆက်ပြီး ဝင်လာတာမျိုးတော့ မဟုတ်ဘူး။ သူတာဝန်ကျတဲ့နေရာကနေ ပြေးလာတယ်။ ကျနော်တို့ရှေ့ပွိုင့်ကင်းမှူးနဲ့ တွေ့တယ်။ အဲ့မှာ သူက လက်ထောင်ပြီး အလင်းဝင်ချင်လို့ပြောပါတယ်။ လောလောဆယ် သူ့ကိုလူသားချင်းစာနာမှုအတိုင်း ထားထားပါတယ်။ လက်နက်ကတော့ ပါမလာပါဘူး။” လို့ ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။ 

အသက် ၃၀အရွယ်ရှိပြီဖြစ်တဲ့ ကိုကျော်စွာထက်ဟာ မန္တလေးမြို့မှာ နေထိုင်စဥ် စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကာ ၉၁၀ စုဆောင်းရေးတပ်မှာ သင်တန်းတက်ရောက်ခဲ့ရသလို အဆင့်ဆင့်ဖြတ်သန်းပြီး ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားပေါ်တာဝန်ကျချိန်မှာ ထွက်ပြေးလာခဲ့တာလို့သိရပါတယ်။

“စစ်မှုထမ်းအတွက် စာတွေကျတော့ ကျနော့်အိမ်ကို လူမိုက်တွေရော ၊ ဆယ်အိမ်မှူးတွေရောရောက်လာပြီး ဆေးစစ်ရမယ်ဆိုလို့ လာပြောတယ်။ အဲ့လိုနဲ့ ထွေအုပ်ရုံးကိုပို့တယ်။ အဲ့ကနေမှ ၉၁၀စုဆောင်းရေးတပ်ကို ထပ်ပို့ပါတယ်။ ဒါတွေက ၉လပိုင်းကုန်လောက်နဲ့ ၁၀လပိုင်းထဲဖြစ်ခဲ့တာပါ။ ကျနော်တို့ သင်တန်းရောက်တော့ အခန်းထဲမှာပဲ ထားတယ်။ ည၇နာရီကျော်ရင် ထွက်မရအောင် အပြင်ကသော့ခတ်တယ်။ ၁၂လပိုင်းသင်တန်းဆင်းတော့  ပခုက္ကူတပ်မ ၁၀၁ကိုရောက်တယ်။ အဲ့ကနေ ခလရ ၂၅၅ ကိုရောက်ပြီး ၃ရက်နေတော့ နွယ်တမယ်တံတားပေါ်ကင်းတာဝန်ကျပါတယ်။ ကင်းသမားပြောင်းတဲ့အချိန်မှာ အိမ်ထဲထင်းသွားယူမယ်ပြောပြီး ပြေးပါတယ်။ အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းထဲပြေးဝင်ပုန်းရင်းကနေ အလင်းဝင်ဖို့ဆုံးဖြတ်လိုက်ပြီး အခုလိုထွက်ပြေးလာခဲ့တာပါ။” လို့ ကိုကျော်စွာထက် က မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသူ ကိုကျော်စွာထက်

လက်ရှိအခြေအနေအရ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်ကနေ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်ထွက်ပြေးခိုလှုံသူတွေလည်းရှိနေတယ်လို့သိရပါတယ်။

“အခုနောက်ပိုင်း စလင်းနဲ့ ဆင်ဖြူကျွန်းမှာအလင်းဝင်လာကြသူ​အများစုက စစ်မှုထမ်းစုဆောင်းခံရသူတွေပါ။ နောက်ပြီး ဟိုတလောက စလင်းနဲ့ ဆင်ဖြူကျွန်းကို ကျနော်တို့တော်လှန်ရေးတပ်တွေ ဝိုင်းလိုက်ပြီလို့ သတင်းတွေထွက်လာတော့ သူတို့ကိုယ်သူတို့ လွတ်လမ်းမရှိတော့ဘူးဆိုတာ သိလိမ့်မယ်။ ပြည်သူ့ရင်ခွင် ခိုလှုံချင်တာလည်း ပါပါမယ်။ စစ်သားသက်တမ်းရင့်တဲ့သူတွေ ဝင်လာတာရှားပါတယ်။”လို့ ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။ 

Local PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒေါင်းစစ်အောင်အဖွဲ့အနေနဲ့ လက်ရှိမှာ အလင်းဝင်ရောက်လာသူကို လူသားစာနာထောက်ထားမှုနဲ့အညီ ထိန်းသိမ်းထားကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေပြီးရင် ကာယကံရှင် ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် တပ်ဖွဲ့ကနေ ပထမဆုံးလုပ်တဲ့ ” အိမ်အပြန်လမ်းကို အမြန်ရောက်ဖို့ Local တွေလည်းကူကြစို့” ဆိုတဲ့ မဲကမ်ပိန်းပြုလုပ်နေတာကြောင့် ပြည်သူတွေအားပေးကြဖို့လည်း ကိုထူးလေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်က ကန်တော်ကြီး ပြည်သူ့ဥယျာဥ်မှာ သံအမတ်ကြီး ဦး‌ကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ကန်တော်ကြီး ပြည်သူ့ ဥယျာဥ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်တယ်လို့ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ Sanchaung New Generation ဆီက သိရပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းအရှေ့ခြမ်းရှိ ဆေးရုံနှင့်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ အရှေ့ခြမ်းရှိ ဆေးရုံနဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ယောက် အပါ ပြည်သူ (၂) ယောက် သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။