ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ကင်းလှည့်အဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ ထံက သိရပါတယ်။ 

မနေ့က ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီဝန်းကျင်အချိန်မှာ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ သံတိုင်ခင်ကျေးရွာအနီးမှာ ဆိုင်ကယ် ၄စီးနဲ့အတူ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူး ခန့်မှန်းအင်အား ၈ယောက်ပါတဲ့ ကင်းလှည့်အဖွဲ့ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုမှာ ဗိုလ်အဆင့်ရှိသူ အပါအဝင် စစ်သား ၃ယောက်၊ ရဲ ၂ ယောက်နဲ့ အုပ်ချုပ်ရေးမှူး ၁ယောက် သေဆုံးခဲ့ပြီး စစ်သား ၁ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ 

သိမ်းဆည်းရရှိသည့် လက်နက်ပစ္စည်းများ

“လောလောဆယ်တော့ မြေပြင်မှာ ထူးထူးခြားခြား မရှိသေးဘူးဗျ၊ အင်အားတော့ ဒီမနက် ၈ နာရီခွဲလောက်မှာ မြို့ထဲနဲ့ အခင်းဖြစ်ပွားတဲ့ တဝိုက်မှာ တော်တော်တိုးထားတယ်ဗျ… ယခု ဖြစ်စဉ်က မြို့နဲ့ တော်တော်နီးနီး ရွာဖြစ်တာရယ်၊ ရန်ကုန် မန်းလေး လမ်းဟောင်း အနီးဖြစ်တာရယ်ကြောင့်ပါ” လို့ အုတ်တွင်းမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေထံက MA 3 (၁)လက်၊ MA 11 (၁)လက်၊ G3 (၂)လက်၊ အူစီ (၁)လက်နှင့်အတူ MA ကျည်ဘောက် (၅)ဘောက်၊ G3ကျည်ဘောက် (၄)ဘောက်၊ အူစီကျည်ဘောက် (၁)ဘောက်၊ လက်ပစ်ဗုံး (၁)လုံး၊ ဓါးမြှောင်(၂)ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

 

0 Shares:
You May Also Like
Read More

အင်းတော်တွင် စစ်တပ်ထောက်ခံသူအများစု ရှိနေသည့် ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ၂ ဦးဆုံးသေပြီး ဘုန်းကြီး၁ပါးနှင့် ပြည်သူ ၇ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ စစ်တပ်ထောက်ခံသူအများစုရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လူ၂ ယောက် ​သေဆုံးပြီး ဥူးပဥ္ဇင်း ၁ ပါးနဲ့ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။
Read More

မုံရွာမှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ စစ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၆ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းရာ ရဲနဲ့ စစ်သား ၆ ယောက်​သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ) က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေ၊ စစ်တပ်က အရာရှိများအပါ သေဆုံးသူများပြားပြီး စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့် အလင်းဝင်

ကရင်နီပြည်နယ်ရှိ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ မြို့နယ်တို့မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

တာမွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီ ရွှေ့ဆိုင်းချင်ရင် သိန်း ၄၀ တောင်းခံနေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်ဆိုသူက ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းချင်ရင် ကျပ်ငွေ သိန်း ၄၀ တောင်းခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။