ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ည ၁ နာရီကျော်မှာ ဖြစ်ပွါးခဲ့တဲ့ မီးလောင်မှုဟာ အချိန် ၄၅ မိနစ်သာ ကြာမြင့်ခဲ့ပေမယ့် ဆိုင်ခန်းပေါင်းများစွာ မီးထဲ ပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညပိုင်း ထမင်းကြော် ရောင်းတဲ့ဆိုင်က မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မြောင်းမြခရိုင်ကရော မြို့နယ်ကပါ မီးသတ်ကားတွေ မီးလာငြှိမ်းသတ်ခဲ့ပေမယ့် မီးတောက်ကလည်းများ၊ လေကလည်း အရမ်းတိုက်တော့၊ မီးကိုချက်ချင်း မထိန်းနိုင်ဘဲ ဆိုင်ခန်းတွေအကုန် မီးကူးဆက် လောင်ကျွမ်းခဲ့တာ” လို့ သွားရောက် မီးငြှိမ်းသတ်ပေးခဲ့သူတစ်ယောက်က မောင်းကိုပြောပါတယ်။

မီးလောင်မှု စတင်ခဲ့တဲ့ လမ်းဘေး ထမင်းကြော်ဆိုင် ပိုင်ရှင်ကိုတော့ ရဲစခန်းက ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

အခု ဇန်နဝါရီ လဝက်အတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းတွေမှာ မီးလောင်မှု ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့တယ်လို့ Myanmar Fire Services Department ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်ခဲ့မှု မြင်ကွင်းများ (ဓာတ်ပုံ CJ နှင့် Myanmar Fire Services Department)

0 Shares:
You May Also Like
Read More

ငလျင်ဘေးအတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများမှ ရရှိထား‌သော လှူဒါန်းငွေ ကန်ဒေါ်လာ ၅၅ သန်းကျော်ကို စစ်အသုံးစရိတ် ဖြစ်မသွားစေရန် JFM သတိပေး

မြန်မာစစ်တပ်က ငလျင်ဘေးအတွက် လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းရရှိထားတာကြောင့်၊ အဆိုပါ‌ငွေကြေးများကို လူထုအပေါ် ကျူးလွန်နေတဲ့ စစ်အသုံးစရိတ် မဖြစ်သွားစေဖို့ Justice for Myanmar (JFM) အဖွဲ့က သတိပေးလိုက်ပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရခိုင်ဘက်ကနေ ဝင်လာမယ့် စစ်ရှောင်တွေကို အကြမ်းဖက်စစ်တပ်ဂိတ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေ

ဧရာဝတီတိုင်းထဲက ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းမြို့နယ်တွေက ကားလမ်းတွေပေါ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်တွေ ဝင်လာတယ်ဆိုပြီး ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေက နိုဝင်ဘာလ ၂၁ရက် ဒီနေ့ မနက်…
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။