ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရက္ခိုင့်တပ်တော် AA ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်အချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေ ထားရာ မြောက်ဦးမြို့နယ် ယာယီအကျဉ်းစခန်းကို လေကြောင်းကနေဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ကို AA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ ဖေဖော်ဝါရီ ၈ ရက်မှာ သိမ်းယူထားခဲ့တာဖြစ်ပြီး အဲဒီနေရာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

AA ဖမ်းဆီးထားတဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့

စစ်ကောင်စီဟာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလကလည်း ရခိုင်ပြည်နယ်၊ ပေါက်တောနဲ့ မောင်တော မြို့နယ်ထဲက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားရာနေရာကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၅၇ ယောက် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခ (၉)စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပါအဝင် အရာရှိစစ်သည် အများအပြား ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ မောင်တောမြို့နယ်ထဲက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားရာနေရာကို လေကြောင်းဗုံးကြဲခံရပြီး ထိခိုက်ဒဏ်ရာရသူများ
0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် ဖောကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေပြီး ၁၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဆီ ထွက်ခွာလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ရဲ့ ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၄ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေရဲ့ သီတင်းကျွတ်ကာလ ဖြတ်သန်းမှု ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရဲဘော်တွေ သီတင်းကျွတ်အခါသမယကို ဆင်နွှဲနေတဲ့ မြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။