နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့  ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအသုံးပြုနေတဲ့ အဓိကလမ်းပိုင်းတွေနဲ့ မီးရထားလမ်းတွေ အပါအဝင် မြစ်ကြောင်းတချို့ကိုပါ  ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်တယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေပြ သရုပ်ဖော်ပုံများ အပိုင်း (၁)မှာ ဖော်ပြထားတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုမှာ လမ်းပိုင်းတွေကို အဓိက စိုးမိုးထားနိုင်မှုကလည်း အရေးပါပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဂိတ်နဲ့ကင်းစခန်းတွေကင်းစင်သွားတဲ့အထိ နယ်မြေတွေကို စိုးမိုးထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

မဟာဗျူဟာမြောက်တဲ့လမ်းတွေကို စိုးမိုးထိန်းချုပ်နိုင်မှုအဖြစ်  မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်း၊ မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း အစရှိတဲ့ အရေးပါတဲ့ လမ်းပိုင်း ၁၀ ခုကို ထိန်းချုပ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ မန္တလေး-ရွှေဘို-မြစ်ကြီးနား မီးရထားလမ်းပိုင်းကိုလည်း ထိန်းချုပ်ထားနိုင်တယ်လို့ ရေးသားထားပါတယ်။ ရေလမ်းကြောင်းတွေအဖြစ် ဧရာ၀တီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းက နေရာတချို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ရှိနေပြီး အဲဒီထဲက ၄၈ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်အုပ်ချုပ်ကာ ၉၆ မြို့နယ်ကိုတော့ စိုးမိုးအုပ်ချုပ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်းက ၇၉မြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး  ၁၀၇ မြို့နယ်ကို စစ်ကောင်စီဘက်က စိုးမိုးထိန်းချုပ်ထားတယ်လို့ ရေးသားထားပါတယ်။

ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံးရဲ့ မြို့နယ်စုစုပေါင်း ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်ပွါးနေကာ စစ်ကောင်စီလက်ထဲမှာ ထိန်းချုပ်ထားနိုင်တဲ့ ရာခိုင်နှုန်းကတော့ ၃၂ ရာခိုင်နှုန်းလောက်သာရှိတော့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က လက်နက်တွေတပ်ဆင်ပေး

အာရက္ခတပ်တော်(AA)က ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ(တပ်မဟာ ၁)ကို စစ်လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့ကြောင်း မတူပီ (တပ်မဟာ ၁) က အသိပေးဖော်ပြလာပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ အခမ်းအနားနဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Read More

ရန်ကုန်၊ ထောက်ကြံ့ရဲစခန်းကို ပြောက်ကျားအဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း တပ်ပေါင်းစုအသွင်နှင့် စစ်ရေးဖော်ဆောင်မှုများ အပြန်အလှန်ထိန်းကျောင်းလုပ်ကိုင်သွားနိုင်ဖို့ မြေပြင်မဟာမိတ် ဖွဲ့စည်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး မြေပြင်မဟာမိတ်အဖွဲ့အစည်းတစ်ခုကို လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကလေးငယ်များအပါ အရပ်သား ၈ ဦးသေဆုံးခဲ့သည့် ဆဒုံးမြို့ပေါ် စစ်တပ်ဗုံးကြဲမှု လူမဆန်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောဆို…

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။