ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၇ ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တို့ ပူးပေါင်းပြီး ညောင်ရွှေမြို့နယ်၊ ရေပူနဲ့ ဘုရားတောင်ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပအိုဝ်းပြည်သူ ၁၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုအတွင်း မပေါက်ကွဲဘဲ ကျန်ရှိ‌နေတဲ့ ၁၂၀ မမ လက်နက်ကြီးဗုံးသီးကို အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တွေက သွားရောက်တူးဖော်ခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီ နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီး နိုင်သူရ ဖမ်းဆီးခံရ၊ စစ်ဆေးချိန် ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်းမှာ မြဝတီနယ်ခြားစောင့်တပ်က ဗိုလ်ကြီး နိုင်သူရ ဆိုသူကို ဖမ်းဆီးရမိပြီး စခန်းခေါ်ယူစစ်ဆေးရာမှာ လက်နက်လု ခုခံတဲ့အတွက် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် - တပ်ရင်း ၃ (တောင်တွင်းကြီး) ပြန်ကြားရေးဌာနတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ထီးလင်းမြို့နယ်တွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာ ရစေခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

မကွေးတိုင်း၊ ထီးလင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

Royal Peacock Defence Force (ပေါက် ပကဖ) ထံ လာရောက်တည်းခိုသည့် တော်လှန်ရေးရဲဘော် တစ်ဦး လက်နက်ခဲယမ်းများ ခိုးယူထွက်ပြေးသွား…

" ကျတော်တို့အဖွဲ့ဆီလာပြီး နေထိုင်တည်းခိုခွင့်တောင်းလို့ တည်းခိုခွင့်ပေးတာပါ ၊ လာတည်းတာက ၃ လလောက်ရှိပီဗျ ၊ ၃ ရက်နေ့က တပ်မ ၁၀၁ ကစစ်ကြောင်းနဲ့ထိတွေ့ ဖြစ်တာ၊ ၁၀ နာရီလောက်ကျ ရဲဘော်ထိတော့ ဆေးရုံပို့ဖို့ ရှေ့တန်းထိ ဒဏ်ရာရတဲ့ရဲဘော်ကို သွားခေါ်ပြီး ဆေးရုံပို့တဲ့အချိန်မှာ ခိုးပြေးသွားတာပါ " လို့ Royal Peacock Defence Force တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

စစ်ကိုင်းမြို့နယ်က ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို မြို့နယ် ပကဖ ရိက္ခာ‌ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို စစ်ကိုင်းမြို့နယ် ပကဖ က ရိက္ခာ ထောက်ပံ့သွားမယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေးအခြေစိုက် ခလရ (၂၉၉) တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။