ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာရှိပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဘောမိကျေးရွာမှာ အာရက္ခတပ်တော် AA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ ဇန်နဝါရီ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်ကာ စစ်ကောင်စီက ရေကြောင်းကနေ လက်နက်ကြီးတွေ ပစ်ကူခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ပါတယ်။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ခုခံတိုက်ခိုက်တဲ့ကြားက အင်အား ၄၀၀ ဝန်းကျင်လောက်ကနေ ဆယ်ဂဏန်းပဲ တိုက်ပွဲကနေ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

“ထိခိုက်သေဆုံးမှုတွေတော့ အရမ်းများလာတယ်။ဘောမိကနေ ရွှေသောင်ယံဘက်ကို ပြန်ဆုတ်ခွာပြေးခဲ့ရတယ်။ ငသိုင်းချောင်း ရေနံသာဂိတ်အနီးနားက ၃၄၄ အမြှောက်တပ်မှာလည်း ခံစစ်တွေပြင်နေတယ်။ စစ်သားသစ်တွေကိုပါ ကျုံပျော်မြို့က ခလရ ၃၆ တပ်ရင်းထဲမှာ စုထားတယ်” လို့ ခလရ ၃၆ တပ်နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။

“ကျုံပျော်က ရဲတွေလည်း ငသိုင်းချောင်မှာရှိတဲ့ ၃၄၄ အမြှောက်တပ်ကို စစ်ကူပို့ခံထားရတယ်။ ကျုံပျော်​တပ် ၃၆ထဲမှာလည်း တိုက်လေယာဥ် ၁စီးနဲ့ စက်တပ်မောင်းလေထီး ၆စီးရောက်နေတယ်” လို့ ကျုံပျော်ဒေသခံတစ်ယောက်ကလည်း ပြောပါတယ်။

ဒါ့အပြင် ဘောမိကျေးရွာကနေ ထွက်ပြေးတဲ့ စစ်ကောင်စီအင်အား ၂၀၀ ခန့်ဟာလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ ချန်ထားခဲ့ရတဲ့ တင့်ကားတွေကိုပါ မီးရှို့ကာ ထွက်ပြေးရတဲ့ ဘောမိကျေးရွာနဲ့ ရွှေသောင်ယံဟာ ချောင်းကြီးတစ်ခုသာ ခြားထားတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းနဲ့ ဆက်စပ်နေတဲ့ ဂွမြို့ကို AA က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီဟာ လုံခြုံရေးများစွာနဲ့ ဧရာဝတီတိုင်းအတွင်း ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဧရာဝဏ်ရဲစခန်းဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ဆေးလိပ်ထွက်သောက်သည့် ရဲ ၁ ဦး နေရာတင် သေပြီး ၂ ဦးဒဏ်ရာရ…

"အခုကာလအခက်အခဲတွေ ကြားတဲ့အတိုင်းပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ အစစ်ကြမ်းနေတာ ဒါပေမယ့်လည်း ကျနော်တို့က လုပ်တာပါပဲ။ အဲ့​တော့ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းတဲ့အနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေနား မသွားကြပါနဲ့။ တော်လှန်ပြည်သူတွေအားလုံးကျန်းမာကြပါစေ" လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

KNDF ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်မှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF စတင်ဖွဲ့စည်းတဲ့ အချိန်ကစလို့ ကဏ္ဍအသီးသီးမှာ ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို KNDF အမှတ်(၄) ဗျူဟာက ပြုလုပ်ထားတဲ့ ကျည်-Ammo (သိန်း ၉၉၉၉) Project မှာ ဖော်ပြထားပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ PDF တွေ အလင်းဝင်ဖို့ အကြမ်းဖက်စစ်တပ်က ဆိုင်းဘုတ်တွေ လိုက်ကပ်နေ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာအချို့မှာ အကြမ်းဖက်စစ်တပ်က PDF တွေ အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေ လိုက်ကပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ချောင်းဦးမြို့နယ်ထဲက မုံရွေး၊ ခင်မွန်၊ မြပုလဲ စတဲ့ကျေးရွာတွေမှာ နိုဝင်ဘာလ ၂၄ ရက် မနေ့ကစပြီး PDF တွေ အလင်းဝင်ဖို့ အကြမ်းဖက်စစ်ကောင်စီက ဆိုင်းဘုတ်တွေ လိုက်ကပ်နေတာဖြစ်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) တပ်ဆင်

ပြည်သူကာကွယ်ရေးတပ်မတော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရှေ့တန်းစစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကျည်ကာ Helmet တွေနဲ့ ကျည်ကာ Plate ပြား အစုံ (၁၀၀) ကို အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်အနီး ရှေ့တန်းစစ်မြေပြင်ဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် ရွေးကောက်ပွဲအတု လက်မခံကြောင်း လက်ဗွေနှိပ် ဆန္ဒပြ

အာဏာသိမ်းစစ်တပ် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဟန်ပြကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။