ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရေတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ ဘားအံအခြေစိုက်  ရတဖ ၂၂ (ရဲတပ်ရင်း) က ရဲတပ်သား ၁ ယောက် အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၈ ရက်က ဗိုလ်တစ်​ထောင်မြို့နယ်၊ ရေတပ် ပင်မစက်မှုလက်မှုတပ် (NED) က ဗိုလ်ကြီးတစ်ယောက်နဲ့ ဇနီးဖြစ်သူအပါအဝင် ကရင်ပြည်နယ်၊ ဘားအံ ရတဖ ၂၂ က ရဲတပ်သားတစ်ယောက် အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာသူ ၂ ယောက်ဟာ လက်နက်တွေ ယူဆောင်လာခြင်းမရှိပေမယ့် အလင်းဝင်လာတဲ့အတွက်ကိုပဲ ကျားသစ်နက်စစ်ကြောင်းက နွေးထွေးစွာ ကြိုဆိုလက်ခံထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

မယ်တော်ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းသားဆေးခန်း (ခေါ်) မယ်ထော် ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆေးခန်းစတင်တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။