စစ်ကိုင်းမြို့က  ဆားတောင်ရဲစခန်းနဲ့ အထက ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောဖီးတွေကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းကို Royal Falcon Guerilla Force က ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့တွေမှာ  စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်း၊ အ ထက်တန်းကျောင်း – အထက အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့များကို ဒရုန်းနဲ့ ကြဲချတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရုပ်သံ- Royal Falcon Guerilla Force

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ တစ်နေရာမှာ လူငယ်တွေက ‘ဖိရင်ကြွမယ် ထိရင် ချမယ်’ ဘန်ကာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ရပ် ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ အောက်တိုဘာ ၅ ရက် မနေ့က မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီက စစ်ကောင်စီတပ်ရဲ့ မတရားစစ်မှုထမ်းခေါ်ယူတာ၊ သန်းခေါင်းစာရင်းကောက်ခြင်းတာနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်‌ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းက သီလုံးပျူစခန်း၊ ပန်ရံပျူစခန်းနဲ့ မြင်းချင်းပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီလုံးပျူစခန်း၊ ပန်ရံပျူစခန်းနဲ့ မြင်းချင်းပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ် ခလရ (၂၇၄) က လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ရုပ်/သံ)

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံကို ချင်းစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်က ဇီးဖြူကုန်းပျူစခန်းအတွက် လေကြောင်းကနေ ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က  Y8 လေယာဥ်နဲ့  ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ ကြားဖြတ်သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ တပ်ခွဲမှူးသင်တန်းဆင်းများ ယာဉ်တန်းတိုက်ခိုက်ခံရ၊ ခွဲမှူး ၈ ဦးနှင့် ယာဉ်မောင်းတပ်ကြပ် ၁ ဦး သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ စစ်သင်တန်းကျောင်းက တပ်ခွဲမှူး သင်တန်းဆင်းတွေပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ခွဲမှူး ၈ ယောက်နဲ့ ယာဉ်မောင်းတပ်ကြပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ People Defence Force - Thandaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး မြို့ကို ထိန်းချုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်ပြီးတဲ့နောက် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။