စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingy)၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Salingyi)နဲ့ မဟာမိတ်ညီ‌နောင်တွေ ပူးပေါင်းကာ Fixed Wings Drone Bomb သီးတွေနဲ့ ကားတန်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောင်က ကျောက်ရစ်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု ရန်က ကာကွယ်နိုင်ဖို့ အချက်အလက်များ မျှဝေပေးဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီ ပြောကြား (ရုပ်/သံ)

စစ်ကော်မရှင်အဓိကအားကိုးနေရတဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်နိုင်ဖို့ စစ်လေ ယာဉ်တွေနဲ့ ပတ်သက်နဲ့ အချက်အလက်တွေ မျှဝေပေးဖို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောကြားခဲ့ပါတယ်။
Read More

ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေ တိုက်ခိုက်မှု ၇ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမှ မြိုင်သို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အစောင့်လိုက်ပါတဲ့ စစ်သားတွေကို ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိမှု မှတ်တမ်း (ရုပ်/သံ)

ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများပါ ရရှိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းကို စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ 
Read More

အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော်ရောက်နေချိန် ပြည်နယ်ခန်းမကို ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကယားပြည်နယ်နေ့ကို တက်ရောက်ဖို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် စိုးဝင်း လွိုင်ကော် မြို့သို့ ရောက်ရှိနေချိန် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက လွိုင်ကော်ပြည်နယ်ခန်းမနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လွိုင်ကော်)ကို ရှော့ခ်တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE WARRIORS FOR MYANMAR (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ SSPP တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ် ပံ့ဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြီး တိုက်ခိုက်နေတယ်လို့ SSPP မှ ရုပ်သံဖိုင်နဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။