အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ Chinland Council (CC) တို့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားမှာ ရန်ပုံငွေမျှဝေခြင်းအပြင် ချင်းအမျိုးသားရေးအတွက် အင်အားစုများ၊ အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး နှစ်ဘက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွားဖို့အကြောင်းတွေပါ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်သင်တန်းကျောင်းအုပ် ကဗျာဆရာ ညီလင်းခ ကျဆုံး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ အနောက်မြောက်စစ်ဒေသရဲ့ ကြီးကြပ်ရေးကော်မတီဝင်၊ စစ်သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကဗျာဆရာ ညီလင်းခ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူဆီက ဆက်ကြေးကောက်နေသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ်လေယာဥ်ကွင်းအတွက် သုံးမည့် ကျွန်းသစ်တင် ဆယ်ဘီးကားကို Southern Yesagyo တပ်ပေါင်းစု ဖမ်းဆီးထား၊ ကျောတိုက်နယ်ပအဖထံမှ လေလံအောင်ထားသော ကျွန်းသစ်များဟု သိရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက်တွင် စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့၏ ကာကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်၊ SNA ၃ ဦး ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။