စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၁၆ ရက် ညပိုင်းက မုံရွာမြို့ စက်မှုဇုန်မှာ လမ်းသွားလမ်းလာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ကင်းပတ်နေတဲ့ စစ်အုပ်စု အိမ်စီးကား ၂ စီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
“ညဘက်ဆို မုံရွာမြို့ထဲမှာ ဒီကောင်တွေ ပက်ကင်းကားတွေနဲ့ ပေါ်တာပတ်ဆွဲနေတာ။ အဲ့ဒါကို ကျနော်တို့သိထားတော့ ကြိုတင်ကင်းပုန်းစောင့်နေတာပါ။ ခါတိုင်းဆို ကားက ၃စီးလောက်လာတတ်တယ်။ ကျနော်တို့ကလည်း လူမစုံသေးဘူး။ အဲ့အချိန်ဒီကောင်တွေကားက ပစ်ကွင်းရှေ့ကို တစ်စီးတည်းထိုးရပ်လိုက်တယ်။ လူက ၅ယောက်လောက်ပါမယ်ဗျ။ အဲ့မှာကားရပ်ပြီး ၂ယောက်ဆင်းလာတာနဲ့ ကျနော်တို့ကတန်းပစ်ခဲ့တာပါ” လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ ( ပုံဟောင်း)
သူကပဲဆက်ပြီးတော့ ” ကျနော်တို့ပစ်လိုက်လို့ ဒီကောင်တွေမလှုပ်နိုင်တာနဲ့ လက်နက်တက်ကောက်ဖို့ကြိုးစားပေမယ့် ကား၁စီးက မလှမ်းမကမ်းက ကပ်ပါလာလို့ သေနတ်သံပေးပြီး ပြန်ဆုတ်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း မုံရွာ အမှတ် (၂)ရဲစခန်းက ရဲ ၂ယောက် နဲ့ မြို့တော်ခန်းမမှာ လုံခြုံရေးကင်းကျနေတဲ့ စစ်ကောင်စီတပ်သား ၂ယောက်သေဆုံးပြီး ကျန်၁ယောက်မှာလည် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက မုံရွာမြို့နေ လူငယ်၊ လူရွယ်တွေကို နေ့လည်ခင်းအချိန်ကစလို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေသတိထားကြဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ မစ်ရှင်ဖော်ဆောင်မှုကို အထင်မြင်မလွဲမှားကြဖို့ မုံရွာနတ်ဆိုးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့တော်လှန်ရေး ရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီး အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေမည်ဟု NUG ဝန်ကြီးချုပ် ပြော

ဘဝသက်တမ်းတစ်လျှောက်လုံး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့လည်း ထပ်တူ ရပ်တည်နေတာကို အခိုင်အမာ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ခံခဲ့ရသည့် တပ်သားတစ်ဦး MRG တပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ "TRI"  ဗျူဟာ (ဗျူဟာအမှတ် ၉၃ ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်တွေကို "TRI" ဗျူဟာက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

CDF-KKG Major Operation မှ အောင်ပွဲများနှင့်အတူ ပြန်လာသည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ကြိုဆိုဂုဏ်ပြု

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးတွေမှာ Chinland Defense Force - Kalay, Kabaw, Gangaw တပ်ဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ CDF-KKG Major Operation ကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF နဲ့ မဟာမိတ်တပ်တွေက ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။