စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဇန်နဝါရိ ၁၆ ရက် ညပိုင်းက ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံက သိရပါတယ်။

ကားပေါ်ရှိ အမှတ် (၂) ရဲစခန်းမှ ရဲ ၂ ယောက်နဲ့ မြို့တော်ခန်းမက စစ်သား ၂ ယောက်သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံက လက်နက်ကောက်ဖို့ ကြိုးစားခဲ့ပေမယ့် ပတ်ကင်း ယာဉ်တွေ ထပ်မံရောက်ရှိလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး အင်အားမမျှတဲ့အတွက် တော်လှန်ရေး ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ယောက်ကို PDF ကယ်တင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူ ၃ ယောက်ကို ကယ်ထုတ်ခဲ့ရကြောင်း တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကို အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လယ်ဘူးမြို့ကို ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ၂ လနီးပါးတိုက်ခိုက်ပြီး အောက်တိုဘာ ၈ ရက်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်း အပတ်စဉ် (၁/၂၀၂၅) ဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ်  သင်တန်းသားဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ နင်းမိုင်းများ စမ်းသပ်ထုတ်လုပ်မှုအောင်မြင် (ရုပ်/သံ)

Burma Revolution Rangers တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကြိုးစားမှုနဲ့ ထုတ်လုပ်ထားတဲ့ နင်းမိုင်းတွေကို စမ်းသပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

Karenni Nationalities Defense Force – BO3 ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ(၁) တပ်ရင်းအမှတ်(၃) ရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ် ကျေးရွာ ၂ ရွာကို ဝင်ရောက်မီးရှို့၊ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ကျောင်းကုန်းရွာနဲ့ သံပုရာခြံရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။