မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အကြမ်းဖက််စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိထ္ထီလာလေတပ်စခန်းကနေ စက်တပ်လေထီးများနဲ့ ပျံဝဲကာ ပန်းပေါင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာကို ဗုံးသီးကြဲချခဲ့တာ ဖြစ်တယ်လို့ ၄င်းတို့ကဆိုပါတယ်။
“ဇန်နဝါရီလ ၁၈ရက်နေ့၊ ဒီကနေ့မနက်ပိုင်းမှာ ဗုံးလာကြဲသွားတာ၊ စက်တပ်လေထီးနဲ့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ တမင်လာကြဲချသွားတာ” လို့ တောင်သာလူထုလှုပ်ရှားမှု့ကော်မတီအဖွဲ့ဝင်တဦးက မောင်းကိုပြောပါတယ်။
ဗုံကြဲချမှုကြောင့် အသက်၇၅နှစ် ဒေါ်ခင်ညွုန့်နဲ့ အသက် ၇၈နှစ်အရွယ် ဒေါ်ခင်သန်း တို့၂ဦး ဗုံးစထိမှန် သေဆုံးခဲ့ရပြီး နွား ၃ကောင် ဝက်၁ကောင် ဆိတ် ၁ကောင်လည်း ဗုံးစထိမှန် သေဆုံးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်အသုံးစရိတ်တွေ များပြားလွန်းတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီက လေယာဥ်အစားထိုး စက်တပ်လေထီးတွေကို ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းကစလို့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း ဧရာဝတီတိုင်း ကျုံပျော်မြို့အပါအဝင် စစ်မက်ဖြစ်ပွားမှု ပြင်းထန်ခြင်း မရှိသေးတဲ့ နေရာတော်တော်များများမှာ အကြမ်းဖက်စစ်တပ်မှ စက်တပ်လေထီး လေ့ကျင့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေဆီက ပေးပို့လာတဲ့ သတင်းများအရ သိရပါတယ်။
ပုံစာ အကြမ်းဖက်စစ်တပ်မှ အသုံးပြုနေတဲ့ စက်တပ်လေထီး၊ ဗုံးသီးပုံနဲ့ သေဆုံးခဲ့သူပုံ
0 Shares:
You May Also Like
Read More

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မန္တလေးဈေးချိုအနီး ဆန္ဒလာပြသည့် ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးအပါ ၁၀ ဦးကို စစ်ကော်မရှင် အမှုဖွင့်

လုံခြုံရေးတင်းကြပ်တဲ့ မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ်ကို ပုန်ကန်အံတုကာ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုး အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ကျန် စစ်တပ်စခန်း ၃ ခု ကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ၊ ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့ရဲ့ အရာရှိသင်တန်း အပတ်စဥ် (၁) နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီပြည်အခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) အနေနဲ့ အရာရှိသင်တန်းအပတ်စဥ် (၁) နဲ့ တပ်သားသင်တန်းအပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။