စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ယနေ့နံနက်ပိုင်းက ကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုအတွင်း ၄ ယောက်သေခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့ထံက သိရပါတယ်။
ဆေးရုံသန့်ရှင်းရေးလုပ်ပြီး ဘန်ကာဆောက်တဲ့ နေရာမှာ ကင်းယူဖို့ထွက်လာတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်ပြီး ၄ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်သားတွေဟာ ဒုတိယအကြိမ် ကင်းယူဖို့ ထပ်မံထွက်လာချိန် ဆားလင်းကြီးလက်နက် ကြီးမဟာမိတ်တပ်ပေါင်းစုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)၊ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)၊SPDF(salingyi)၊SOLO AUNG GYI(salingyi)မဟာမိတ်လေးဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု ရုပ်သံထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း အများအပြားဖမ်းဆီးရမိခဲ့တဲ့ ဘုတလင်မြို့နယ်က တိုက်ပွဲရုပ်သံကို ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု ကဒီနေ့ အောက်တိုဘာလ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာ (ရုပ်/သံ)

စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People's Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။
Read More

စာသင်နေချိန် အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ဆရာမ ၂၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ချောင်းဦးမြို့အတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ မိုးကောင်း‌ကျောင်းအတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အင်အား ၁၀ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၆ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိသွား တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းသာကြီးဘုရားနဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။