NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၁၆ရက် ည ၈နာရီခွဲဝန်းကျင်မှာ ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်တပ်ကကြဲချတဲ့ ဗုံးတွေကြောင့် တော်လှန် ရေး ရဲဘော်(၁)နဲ့ (၃)နှစ်အရွယ် အရပ်သားမိန်းကလေးငယ် (၁)ဦးသေဆုံးကာ ပြည်သူ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမ်းပါတ်မြို့ အမှတ်(၁)ရပ်ကွက် အိမ်‌ခြေ (၁၈)လုံး နဲ့ ကနန်ကျေးရွာ ဘုန်းကြီးကျောင်းဆောင် (၃)ဆောင်တို့ ပျက်စီးခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း NUG အစိုးရက အခြေစိုက် ရုံးထိုင်မယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုမှုကြောင့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ စစ်ကိုင်းတိုင်းထဲကမြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုများပြားလာနိုင်ကြောင်း စစ်ရေးလေ့လာသူတွေကပြောဆိုထားကြပါတယ်။
ဓာတ်ပုံ- YY
0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

ABSDF ဗဟိုစစ်ကော်မရှင်နှင့် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီဝင်များ စုစည်းညီညွတ်စွာဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး…

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ-ABSDF) နဲ့ ကျောင်းသားလက်ရုံးတပ်တော်တို့ တစ်နိုင်ငံလုံးရှိ ကျောင်းသား အင်အားစုတွေအပါအဝင် တော်လှန်‌ရေးအင်အားစုတွေကြား စုစည်းညီညွတ်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တပ်ဖွဲ့ ၂ ဖွဲ့က ပူးတွဲအသိပေးချက် ကို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစစ်မြေပြင်တစ်ခုမှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။