ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေသောင်ယံမြို့နယ်ဘက်မှာ အကြမ်းဖက်စစ်တပ်က ရေကြောင်းရော ကုန်းကြောင်းကနေပါ အင်အားတွေတို့းချဲ့ထားပြီး ကျုံပျော်မြို့ပေါ်မှာပါ စက်တပ်လေထီးတွေ လေ့ကျင့်ပျံသန်းတာတွေကိုပါ နေ့စဥ်ဆိုသလို လေ့ကျင့်မှု့တွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲ ဖြစ်ပွားတာတော့ ဟုတ်တယ်၊ လေယာဥ်ပျံတွေ ပျံသန်းနေတာတွေလည်း ကြားရတယ်၊ စစ်သားတွေကိုအရပ်ကားတွေနဲ့ ပို့ပေးနေတာလည်း ခဏခဏပဲ၊ ပုသိမ်လေယာဥ်ကွင်းကနေလည်း တိုက်လေယာဥ်တွေ ထွက်ထွက်သွားတာတွေ့ရတယ်” လို့ ပုသိမ်မြို့နေထိုင်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“စက်တပ်လေထီးတွေ ပျံသန်းလေ့ကျင့်နေတယ်၊ ရွှေသောင်ယံဘက် တိုက်ပွဲတွေဖြစ်နေတယ်လို့တော့ ကြားနေရတယ်၊ မြို့ပေါ်မှာတော့ စစ်သားတွေသိပ်မရှိဘူး၊ အဲဒီဘက် အပို့ခံထားရတယ်၊ မနက်ကမှ စက်တပ်လေထီး ၃ စီးပျံသန်းနေလို့ အံသြနေကြတာ၊ အနီရောင် ၂ စီး၊ အပြာရောင် ၁ စီး၊ အဲဒါလည်း ကိုယ်တွေဘက်က မြင်ရတဲ့ဟာလေ၊ အခြားနေရာတွေမှာလည်း အဲလိုပျံသန်းတာတွေ ရှိရင်ရှိအုံးမှာ၊ လေယာဥ်တွေလို မဟုတ်တော့ အောက်က သေနတ်ရှိရင် သေနတ်နဲ့ပစ်ချရင်တောင် ရမှာ” လို့လည်း ကျုံပျော်ဒေသခံတစ်ယောက် ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က စစ်သားအများအပြား သေဆုံးခဲ့သလို ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်ထဲမှာ ဇန်နဝါရီလ ၈ ရက်ကနေ ၁၀ ရက်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း အကြမ်းဖက်စစ်တပ်က ရေတပ်ကရော လေတပ်ကပါ ဗုံးကြဲတာ၊ လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က အထိနာခဲ့ပြီး တိုက်ပွဲတွေ ခေတ္တငြိမ်နေခဲ့ရာက ဇန်နဝါရီလ ၁၆ ရက် ညပိုင်းမှာ ပြန်လည်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကို အသုံးပြုနေတာဖြစ်သလို ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – ရွေသောင်ယံဘက် စစ်ကောင်စီတပ် လေယာဥ်နဲ့ ဗုံးကြဲပြီးနောက် မြင်တွေ့ရပုံ…
0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ကို ချင်းညီနောင်ခေါင်းဆောင်တွေ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်တပ်က အင်အားထပ်ဖြည့်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ

ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က အင်အားတွေထက်မံဖြည့်တင်းလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြေပြင်မတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကိုမီးရှို့၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒုံး ထိတွေ့တိုက်ပွဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း တိမ်းရှောင်သူတွေကို တရားရုံးနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု ချိတ်ပိတ်တာတွေအထိ လုပ်ဆောင်လာနေ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။