ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းဟာ တရုတ်သရုပ်ဆောင်တွေကို ပစ်မှတ်ထားနေပြီး အဲ့ဒီဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြဝတီအခြေစိုက် လူကုန်ကူးဂိုဏ်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကစလို့ တရုတ်နိုင်ငံမှာ လူသုံးများတဲ့ WeChat ကိုအသုံးပြုပြီး တရုတ်သရုပ်ဆောင်တွေကို ရိုက်ကူးရေးဝန်ထမ်းအလုပ်ပေးမယ်ဘို့ စည်းရုံးကာ ယုံကြည်တဲ့သူတွေကို ထိုင်းကိုခေါ်ပြီး အဲ့ဒီကနေ မြန်မာဘက်ခြမ်းက ကျားဖြန့်လိမ်ညာရေးဇုန်တွေဆီ လူကုန်ကူးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်မှာ အဆက်အသွယ်ပြတ်တောက်ကာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို အစွမ်းကုန်ကယ်ဆယ်ပြီး အမှုစုံစမ်းဆေးနေသလို မကြာသေးမီက တရုတ်သရုပ်ဆောင် ၊ တရုတ်မီးအလှပြပညာရှင် အပါအဝင် တရုတ်နိုင်ငံသားများစွာဟာ ထိုင်း-မြန်မာနယ်စပ်ကို လိမ်လည်ခေါ်ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါကိစ္စရပ်အပေါ် တရုတ်ရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက များစွာ အလေးထားပြီး ပြည်ပကို ရောက်ရှိပြီး အဆက်အသွယ်ပြတ်တောက်ကာ ပိတ်မိနေသူတွေရဲ့ အခြေအနေကို ဘက်စုံခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ဖို့ သက်ဆိုင်တဲ့ ဒေသတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းတွေကို လျင်မြန်စွာ ဖြန့်ကြက်စီမံထားတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်ပအခြေစိုက် သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးက သက်ဆိုင်ရာဌာနတွေ တက်ကြွစွာတွဲဖက်ကာ လူကယ်ဆယ်ရေးနဲ့ အမှုစုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရ အာရုံစိုက်လာတဲ့ မြဝတီမြို့နဲ့ ရွှေကုက္ကိုလ်မြို့တို့ကို လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် စောချစ်သူ ဦးဆောင်တဲ့တပ်ဖွဲ့က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာလူငယ် ၂၀၀ ခန့်ကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ရွှေကုက္ကိုလ်မှာ ကတုံး တုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရ ဟု ထွက်ဆို

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

တောင်ကိုရီးယားရောက် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ်ကို တက်ရောက် ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မေလ ၁၇ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့၊ ကင်ဒေးဂျုံးစင်တာမှာ ပြုလုပ်တဲ့ “World Human Rights Cities Forum 2025” ကို တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
Read More

ဘယ်လာရုစ်သမ္မတရဲ့ တရက်မပြည့်တဲ့ မြန်မာခရီးစဉ်အတွင်း မင်းအောင်လှိုင်နဲ့ သဘောတူ စာချုပ် ၁၆ ခု လက်မှတ်ထိုး …

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့တရက်မပြည့်တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ် ၁၆ ‌စောင်ထိ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ တစ်ရက်တာ ၂၄ နာရီ တောင်မပြည့်ဘဲ လာရောက်ခဲ့တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အခုလို စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယင်းစာချုပ်တွေထဲမှာ အာဏာရှင်နှစ်နိုင်ငံအကြား ကုန် သွယ်ရေး၊ စီးပွားရေး ၊ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနည်းပညာများ အပြန်အလှန်ဖလှယ်နိုင်‌ရေးတွေ ပါဝင်တယ်လို့ စစ်အုပ်စုသတင်းများက ဆိုပါတယ်။