စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရှင်ပြုအလှူပွဲပြုလုပ်နေတဲ့ ရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်တွေ မီးရှို့သွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၇ရက်၊ ဒီနေ့မနက််၅နာရီဝန်းကျင်မှာ ခင်ဦးမြို့နယ် ရွှေကူတဲစု ကျေးရွာကို စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၅၀နီးပါးက လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ခင်ဥိးမြို့နယ်အနောက်ခြမ်း၊ ပျဉ်ထောင်ပျူစောထီးရွာနေ အကြမ်းဖက်စစ်အုပ်စုတွေက ရွှေကူတဲစုကျေးရွာက အရပ်သား၁ယောက်ရဲ့ အလှူမင်္ဂလာရှင်ပြုပွဲကို ဝင်ရောက်ဖျက်ဆီးရင်း ရိက္ခာတွေလုယက်ခဲ့သလို အလှူအိမ်အနီးဝန်းကျင်က လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၈လုံးအပါအဝင်  ရိတ်သိမ်းထားတာ မကြာသေးတဲ့ စပါးတင်းရေ ရာနဲ့ချီလည်း ပျက်စီးခဲ့ရကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်အုပ်စုတွေက ရွှေကူတဲစုကျေးရွာကနေ ပြန်လည်ဆုတ်ခွာပြီး ပျဉ်ထောင်ပျူရွာဆီ ပြန်လည်ဝင်ရောက်သွားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရွှေကူတဲစုကျေးရွာနေ ဒေသခံတွေဟာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ကြိုးစားနေကြတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး​က ပြောပါတယ်။

ရွှေကူတဲစုကျေးရွာ မီးရှို့ဖျက်ဆီးခံထားရစဥ်  (ဓာတ်ပုံ ခင်ဦးသတင်းမှန်ပြန်ကြားရေး)

0 Shares:
You May Also Like
Read More

လယ်ဒိုမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၂ ထိန်းချုပ်ရာ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် ၊ လယ်ဒို မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

သံလွင်တံတား (မော်လမြိုင်) မှာ လက်နက်တွေ ဖမ်းဆီးရမိ ဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တောတွင်းတစ်နေရာက မကဒတ ၃၆ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အခမ်းအနား ကို အမှတ် ၃ စစ်ကြောင်း မှာ နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်၊ ထောက်ကြံ့ရဲစခန်းကို ပြောက်ကျားအဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်သုံ့ပန်း(၂၂)ဦး နှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ SPRING WARRIORS COLUMN က ဒီနေ့ ထုတ်ပြန်ပါတယ်။