ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်ကျေးရွာ၊ ရွှေကမ္ဘာအေးကျောင်းတိုက်မှာ တအာင်းသံဃာတော်အဖွဲ့က ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ အဲ့ဒီ အစည်းအဝေးမှာ
TNLA ဗိုလ်ချုပ်တားဘုန်းကျော်က သာသနာတော်တွေ တိုးတက်စေဖို့ တစ်ဖက်တစ်လှမ်းနဲ့ ကူညီသွားမှာဖြစ်သလို တအာင်းပြည်တစ်ခုလုံး ဗုဒ္ဓသာသနာတော်ကြီးတိုးတက် ပြန့်ပွားသွားစေဖို့ တအာင်းသံဃာတော်အဖွဲ့က အလုပ်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးလျှောက်တင်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ အမျိုးဘာသာ၊ သာသနာပြုလုပ်ငန်းတွေ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်တွေ တင်ပြဆွေးနွေးခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း ဩဝါဒစရိယဆရာတော်တွေက ပိဋကတ်သုံးပုံတရားတော်တွေကို တအာင်းဘာသာနဲ့ ပြန်ဆိုရေးသားဖို့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
ရှေ့လုပ်ငန်းစဉ်တွေထဲမှာတော့ သာသနာရေးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ ဗုဒ္ဓတက္ကသိုလ်ဖွင့်လစ်နိုင်ရေး၊ တအာင်းသံဃာတော်တွေ ခေတ်မှီတဲ့ ပညာရေးနဲ့ သာသနာပြုစွမ်းရည် တိုးတက်မြင့်မာလာစေရေး၊ တအာင်းသံဃာတော်တွေ လူမျိုးဘာသာ သာသနာကို မြင့်တင်နိုင်ရေးတို့ ပါဝင်တယ်လို့ သိရပါတယ်။
အစည်းအဝေးကို မြို့နယ်ပေါင်းစုံက သံဃာတော် (၆၅) ပါးနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်၊ အထွေထွေအတွင်းအရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လ၊ ဌာနဆိုင်ရာတွေ၊ သာသနာရေးဌာနတွေ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ညင်းမော်ရွာ တိုက်ပွဲအတွင်း လောင်းလုံး ပကဖ တပ်စုမှူးအပါ ရဲဘော် ၃ ဦး ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတိုက်ပွဲမှာ တပ်စုမှူး တစ်ယောက်အပါအဝင် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

PDF စိုးမိုးနယ်မြေထဲ လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံ သံမဏိစက်ရုံကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ သံမဏိစက်ရုံကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ Myingyan District Battalion - 2 ထံက သိရပါတယ်။ 
Read More

ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါ ၄ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီက အကျဉ်းသားများကို လက်နက်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွါးရာ နေရာများတွင် ခံစစ်အတွက် ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ခံစစ်အတွက် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။