ဟောင်ကောင်ဒေသခံတွေ မြန်မာပြည်ကို ဖြားယောင်းခံရပြီး လိမ်လည်လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံရမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက မြန်မာပြည်အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်က နေရာတချို့ကို ခရီးသွားသတိပေးချက် အနီရောင်အဖြစ် ဇန်နဝါရီလ ၁၇ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြဝတီ၊ ဖာပွန်၊ ဖားအံနဲ့ ကော့ကရိတ်ခရိုင်တွေအပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေဆီ မလိုအပ်ဘဲ ခရီးသွားတာတွေ ရှောင်ရှားကြဖို့ ဗျူရိုက သတိပေးချက်ထုတ်ပြန်ထားပြီး ကျန်တဲ့နေရာတွေအတွက် ပယင်းရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားတာပါ။
“အဲဒီမှာ ရှိပြီးသားသူတွေအတွက်တော့ အခြေအနေကို စောင့်ကြည့်ပြီး သတိထားဖို့နဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံဘေးကင်းရေးကို ဆောင်ရွက်သင့်ပါတယ်”လို့ သတိပေးချက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစိုးရရဲ့ ပြင်ပခရီးသွားသတိပေးချက်စနစ်မှာ အနီရောင်ဟာ အလယ်အလတ်အဆင့်ဖြစ်ပြီး အဲဒီနေရာကို ခရီးသွားတဲ့အခါ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုရှိကြောင်းနဲ့ လူတွေ မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ရှားဖို့ အကြံပြုထားတာပါ။
ပထမဆုံးအဆင့်ဖြစ်တဲ့ ပယင်းရောင်ကတော့ ခြိမ်းခြောက်မှုလက္ခဏာတွေရှိပြီး သတိထားဖို့ ဆိုလိုတာဖြစ်ပြီး အမြင့်ဆုံးဖြစ်တဲ့ အနက်ရောင်ကတော့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်ရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။
မြန်မာပြည်က လိမ်လည်လုပ်ငန်းတခုမှာ ထိန်းသိမ်းခံထားရတဲ့ အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဒေသခံတဦးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိမ်ကို ဘေးကင်းကင်း ပြန်ရောက်လာခဲ့တာဖြစ်ပြီး နောက်တရက်မှာ အခုလို သတိပေးချက် မြင့်တက်လာတာဖြစ်ပါတယ်။
ပြန်လွတ်လာသူဟာ အလားတူ လိမ်လည်လုပ်ငန်းတွေမှာ ပိတ်မိနေကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့တဲ့ လူ ၁၂ ဦးမှာ တဦးအပါအဝင်ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ဟောင်ကောင်ကနေ အရှေ့တောင်အာရှကို ဖြားယောင်းခံခဲ့ရပြီး အဓမ္မထိန်းသိမ်းခံခဲ့ရသူ ၂၈ ဦးအနက််် လက်ရှိ ၁၇ ဦးအထိ အိမ်ပြန်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ လုံခြုံရေးဗျူရိုအရာရှိတွေဟာ လိမ်လည်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ ဟောင်ကောင်ဒေသခံတွေရဲ့ ဆွေမျိုးတွေနဲ့တွေ့ဆုံပြီး စစ်ဆင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းတွေ မျှဝေခဲ့ကြောင်း သိရပါတယ်။
News- SCMP
0 Shares:
You May Also Like
Read More

ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအား အရပ်ဘက်အဖွဲ့များ တောင်းဆို

နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ မကြာခင်မှာ ရပ်တန့်တော့မယ့်အန္တရာယ်ရှိတာကြောင့် ယာယီတဲတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ အရပ်ဘက်အဖွဲ့ကွန်ရက်တစ်ခုက ထိုင်းအစိုးရကို ဇူလိုင်လ ၁၇ ရက် ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ရာသီဥတုဖောက်ပြန်မှုကြောင့် အမျိုးသမီးတွေ အများဆုံးထိခိုက်တယ်လို့ အာဆီယံရဲ့အစီရင်ခံစာ ပြော

ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အလွန်ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တဲ့ ASEAN Gender Outlook 2024 အစီရင်ခံစာအရ သိရပါတယ်။
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။
Read More

လူ့အခွင့်အရေးကာကွယ်မှု တရားဝင်ယန္တရားအသစ်တစ်ရပ် ဖော်ဆောင်ဖို့ အာဆီယံ ပြင်ဆင်နေ

အရှေ့တောင်အာရှဒေသအတွင်း လူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ ချဉ်းကပ်ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများကြား ကော်မရှင် (AICHR) အနေနဲ့ စတင်ဆောင်ရွက်နေကြောင်း Malaysiakini သတင်းက ဇူလိုင်လ ၁၈ ရက်မှာ ဖော်ပြပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။