မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အကြမ်းဖက််စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိထ္ထီလာလေတပ်စခန်းကနေ စက်တပ်လေထီးများနဲ့ ပျံဝဲကာ ပန်းပေါင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာကို ဗုံးသီးကြဲချခဲ့တာ ဖြစ်တယ်လို့ ၄င်းတို့ကဆိုပါတယ်။
“ဇန်နဝါရီလ ၁၈ရက်နေ့၊ ဒီကနေ့မနက်ပိုင်းမှာ ဗုံးလာကြဲသွားတာ၊ စက်တပ်လေထီးနဲ့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ တမင်လာကြဲချသွားတာ” လို့ တောင်သာလူထုလှုပ်ရှားမှု့ကော်မတီအဖွဲ့ဝင်တဦးက မောင်းကိုပြောပါတယ်။
ဗုံကြဲချမှုကြောင့် အသက်၇၅နှစ် ဒေါ်ခင်ညွုန့်နဲ့ အသက် ၇၈နှစ်အရွယ် ဒေါ်ခင်သန်း တို့၂ဦး ဗုံးစထိမှန် သေဆုံးခဲ့ရပြီး နွား ၃ကောင် ဝက်၁ကောင် ဆိတ် ၁ကောင်လည်း ဗုံးစထိမှန် သေဆုံးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်အသုံးစရိတ်တွေ များပြားလွန်းတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီက လေယာဥ်အစားထိုး စက်တပ်လေထီးတွေကို ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းကစလို့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း ဧရာဝတီတိုင်း ကျုံပျော်မြို့အပါအဝင် စစ်မက်ဖြစ်ပွားမှု ပြင်းထန်ခြင်း မရှိသေးတဲ့ နေရာတော်တော်များများမှာ အကြမ်းဖက်စစ်တပ်မှ စက်တပ်လေထီး လေ့ကျင့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေဆီက ပေးပို့လာတဲ့ သတင်းများအရ သိရပါတယ်။
ပုံစာ အကြမ်းဖက်စစ်တပ်မှ အသုံးပြုနေတဲ့ စက်တပ်လေထီး၊ ဗုံးသီးပုံနဲ့ သေဆုံးခဲ့သူပုံ
0 Shares:
You May Also Like
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

ထိုင်းမှာ ရက်၁၂၀ ကျော်အတွင်း မြန်မာလုပ်သား နှစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းဆုတ်လာသည့် အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦးသေပြီး အများအပြား ဒဏ်ရာရ…

" ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ရွာမီးရှို့နေသည့် စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။