ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၁၇ ရက်မှာ စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က စစ်ကြောင်းလေးကြောင်း၊ အင်အား ၅၀၀ ကျော်နဲ့ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ အနီးနဲ့ ဖြီကျွတ်ရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့တယ်လိ​ု့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ပင်ငိုကျေးရွာနဲ့ နောင်ကျောကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီနဲ့ လက်ပါးစေပြည်သူ့စစ်တွေဘက်က ၃၀ကျော် သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဖြီကျွတ်ကျေးရွာအနီးမှာလည်း စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတညကြောင့် ဖြီကျွတ်ရွာအနီး တောင်၂လုံးကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ လက်ပါးစေပြည်သူ့စစ်ဖက်က တောင်နှစ်လုံးကြားတောင်ယာထဲမှာ ၁၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ PNLA က ဆိုပါတယ်။
0 Shares:
You May Also Like
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ပုဂံမြို့သစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်းကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဆော်လီ (ခ) နိုင်နိုင်ထွန်းဆိုသူဟာ သန်းခေါင်စာရင်းကောက်နေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။