ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီက ပြန်ဖွင့်ထားကြောင်း ခရီးသွားယာဉ်မောင်းတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြို့အဝင်အတထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေချပြီး ခရီးသွားယာဉ်တွေဆီက ငွေကြေးတောင်းယူမှုတွေ ပြုလုပ်လာခဲ့ကြတာပါ။

၂၀၂၃ ခုနှစ်ထဲမှာ မအူပင်မြို့အဝင်ဂိတ်မှာ အကြမ်းဖက်စစ်တပ် အရာရှိနဲ့ အရာခံဗိုလ်တို့ အဝေမတည့် စကားများရင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ နှစ်ယောက်လုံး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ စစ်ဆေးရေးဂိတ်တွေ ပိတ်ထားရာက အခု ပြန်ဖွင့်နေပြီလို့ သိရပါတယ်။

“ရန်ကုန်ကနေ ဧရာဝတီတိုင်းဝင်တဲ့ ပန်တိုင်ဂိတ်ကတော့ အမြဲဖွင့်ထားတယ်။ ညောင်တုန်း ဆားမလောက် မအူပင်အဝင် နောက် တွံတေးဘက်ကအဝင်ဆိုရင် ခေတ္တယာယီဂိတ်ပေါ့။ အဲဒီဂိတ်တွေက အခုမှပြန်ဖွင့်တာ၊ အခြား ဧရာဝတီတိုင်းထဲက ဂိတ်အများအပြားလည်း ပြန်ဖွင့်နေပြီ၊ ရန်ကုန်နဲ့ပုသိမ်ကားလမ်းပေါ်မှာဆိုရင် အခု ဂိတ် အနည်းဆုံး ၅ဂိတ်လောက်​ ပြန်ဖွင့်လာနေတာ တွေ့တယ်” လို့ ရန်ကုန်-ပုသိမ်ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ယောက်က မောင်းကိုပြောပါတယ်။

အဲဒီဂိတ်တွေ ပြန်ဖွင့်နေပေမယ့် စစ်သားတွေတေည့ သိပ်မတွေ့ရဘဲ ရဲ၊ ပြည်သူ့စစ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေသာ တွေ့နေရတယ်လို့ အထက်ပါ ယာဉ်မောင်းက ပြောပါတယ်။

ရခိုင်ဘက်က တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်မှုတွေ လုပ်ဆောင်နေပေမယ့် စစ်သားတွေ သိပ်မတွေ့ရသလို အခုပြန်ဖွင့်တဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း ရဲနဲ့ ပြည်သူ့စစ်တွေပဲ တွေ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ABSDF မကွေးတိုင်းဆက်ဆံရေးရုံးမှ Gender, CEDAW, Women Peace and Security (WPS) ‎အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောကျွဲအင်းမြို့  အကြမ်းဖက်စစ်တပ် စခန်းများအား PDF သိမ်းပိုက်ထား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ပိုင်ကျုံမြို့နယ် စစ်ကောင်စီ၏ မော်ဖိုးကေစခန်းကို နေ့တစ်ဝက်အတွင်း KNU သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၇၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေတပ်စခန်းကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။