ရခိုင်ပြည်နယ် အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ၂ရက်ဆက် ပိတ်ဆို့ဖမ်းဆီးမှုမှာ ၅ယောက်သေဆုံးပြီး ၁၂ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Chin Defence Force (Asho) တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၁၃ရက်နေ့နဲ့ ၁၄ရက်နေ့တွေမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို Chin Defence Force (Asho) တပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အဖမ်းခံဖို့ ငြင်းဆန်ခဲ့တာကြောင့် ထိတွေ့မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၃ရက်နေ့က အမ်းမြို့နယ်၊ ကြက်ရေစမ်း အနီးစခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်ကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးရွာအနီး ပိတ်ဆို့ဖမ်းဆီးရာ စစ်ကောင်စီတပ်ဘက်က လက်နက်မချဘဲ ပြန်ခုခံတာကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား ၂ယောက် အပြင်းအထန်ဒဏ်ရာရပြီး အချိန်မှီ ဆေးကုသမှုပေးခဲ့ပေမယ့်လည်း သေဆုံးသွားတယ်လို့ CDF – Asho က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ

“၁၃ရက်နေ့ဖြစ်စဥ်ကတော့ ထုတ်ပြန်ထားသလိုပါပဲ။ စစ်ကောင်စီဘက်က ၅ယောက်ကို ကျနော်တို့တွေ့တော့ အသာတကြည် အဖမ်းခံဖို့ ပြောပါတယ်။ လက်မခံတော့ ပစ်ခတ်ရတယ်ပေါ့။ အဲ့မှာ အကုန်လုံးကို အရှင်ဖမ်းဆီးမိပေမယ့် ၂ယောက်က ဒဏ်ရာနဲ့ပါလာတယ်။ သူတို့၂ယောက်ကို ဆေးကုသပေးခဲ့ပေမယ့် သေသွားတယ်ပေါ့။” 

ဒါ့အပြင် ဇန်နဝါရီလ ၁၄ရက်နေ့ကလည်း အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီအင်အား ၁၀၀နီးပါးနဲ့ CDF – Asho တပ်ဖွဲ့ဝင်တွေ ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး (က.ပ.စ၁၄) နဲ့ မီတာ ၂၀၀အကွာမှာ  ထိတွေ့တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၃ယောက် ပွဲချင်းပြီး​သေဆုံးခဲ့တယ်လို့ာသိရပါတယ်။

အဲ့ဒီထိတွေ့မှုအပြီး ဖွဲ့စည်းပုံပျက်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၈ယောက်ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း ဖမ်းမိခဲ့တယ်လို့ CDF – Asho ကပြောပါတယ်။

CDF -Asho ရဲဘော်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

” ၁၄ရက်နေ့ဖြစ်စဥ်ကလည်း စစ်ကောင်စီဘက်က စစ်ကြောင်းလိုက် ၁၀၀လုံး အတူတူလာတာမဟုတ်ဘဲ ဟိုတစ်ဖွဲ့ဒီတစ်ဖွဲ့  ဖွဲ့စည်းပုံပျက်ပြီး ပြေးလာကြတာပေါ့။ ကျနော်တို့လည်း အဲ့အကုန်လုံးကို စစ်ကြောင်းခွဲမလိုက်နိုင်ခဲ့ဘူး။ ကျနော်တို့နဲ့ထိတွေ့မှုဖြစ်တဲ့ ​စစ်ကြောင်းကနေ ဖွဲ့စည်းပုံပျက်ပြီးထွက်ပြေးတဲ့စစ်သားတွေကို ဒီနေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရှာနေဆဲမို့လို့ ဘယ်လောက်အထိ ပျောက်သွားတယ်။ ဘယ်အထိပြေးပြီး လွတ်နေတယ်ဆိုတာ မှန်းဆပြောလို့မရပါဘူး။” လို့ Chin Defence Force (Asho) တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

CDF – Asho အနေနဲ့ ၂ရက်တာ ​​အတွင်း စစ်ကောင်စီတပ်သား ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ငယ် ၁၅လက်၊ စိန်ပြောင်း ၁လက်အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေကို နယ်မြေရှင်းလင်းရေးလုပ်ရင်း လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
Read More

ရန်ကုန်မြို့တွင်း သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ဖမ်းဆီးခံရ

ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က ထုတ်ပြန်ထားပါတယ်။
Read More

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်အကျဉ်းသား (၁၁၀) ဦးကို NUG လွတ်ငြိမ်းသက်သာခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူးအခါသမယ အထိန်းအမှတ်အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၁၀ ယောက်ကို  ခြွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

မိုးဗြဲမြို့တွင်းသွားလာခွင့်ကို ငါးရက်တာပိတ်မည်ဟု KNDF အသိပေး

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
Read More

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တာဝန်ယူ၊ တာဝန်ခံနိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး အပြည့်အဝ သဘောတူတာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။