မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်နေရာတွေကို ဇန်နဝါရီ ၁၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ နေထိုင်ရာ အဆောက်အအုံတွေ ပြိုပျက်ပြီး ကင်းတာဝန်ယူထားတဲ့ တပ်သား ၁ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မြိုင်ပကဖ၊ ပေါက်ပကဖ၊  မင်းဘူးခရိုင် အမှတ်-၄တပ်ရင်း၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ Yaung Force (PKU) / Earthquake Defence Force (PKU)၊ Joker (ပြောက်ကျားတပ်ဖွဲ မြိုင်)နဲ့ စေတုတ္တရာ ပ.အ.ဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လွတ်မြောက်နယ်မြေတစ်ခုမှာ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့  (SSTF) အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်က လွတ်မြောက်နယ်မြေတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအဖြစ် ပျူစခန်းနဲ့ စစ်တပ်စခန်းတွေ တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ဂန့်ဂေါခရိုင်စစ်ဌာနမှ Yawland Operation စစ်ဆင်ရေးဖြစ် ယောဒေသအတွင်း ပျူစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယောအလင်း တန်းမှ ယနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က မင်းကင်းမြို့နယ် ဝင်ဝပျူစခန်း၊ လယ်ကြီးအနောက်ပျူစခန်း၊ မြောက် ခင်ရမ်းပျူစခန်း၊ ရွှေမြစ်သာပျူစခန်းနဲ့ တောကျောင်းကာကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဝင်ဝပျူစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

နတ်မောက်တွင် စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေ၊ စနိုက်ဘာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။