အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရပြီး မိုးဗြဲ ခမရ ၄၂၂တပ်ရင်းမှာတာဝန်ကျနေသူ ၂ယောက် လက်နက်ကိုယ်စီယူဆောင်ရင်း အလင်းဝင်ရောက်လာကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့ထံက သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ အပတ်စဉ် ၅ သင်တန်းဆင်းတွေဖြစ်ပြီး မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်တို့ကတဆင့် စစ်မှုထမ်းစုဆောင်းခံခဲ့ရတာလို့ သိရပါတယ်။

အဲ့ဒီနောက် ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့က ဆိုပါတယ်။

ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်ရောက်လာသူ ၂ ဦး

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA 1 နဲ့ MA11 သေနတ် ၁လက်စီအပြင် ကျည် ၂၅၈တောင့်၊ ဗုံး၁လုံးပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေကို လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်ပြီး ဆုကြေးချီးမြှင့်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာသူထဲက ၁ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းပြီး စစ်အုပ်စုဒေါက်တိုင်တွေကို ရှင်းလင်းသွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကောလင်းခရိုင် ပကဖ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း ပကဖ အသံက ဖော်ပြထားပါတယ်။
Read More

ဝက်လူးရွာမှာ တပ်စွဲထားသည့် စစ်အုပ်စုက ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို သတ်ဖြတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွားထိုးကြီးနယ်ခံတွေဆီက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ရန်ကုန်သပိတ်ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ရဲ့ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့ဟာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရတာပါ။